Thursday, July 12, 2012

ပွဲစားတွေလည်း အခွန်ဆောင်ရမည်


From : ခေတ်လူငယ်

အခုအခါ ပွဲစားလုပ်ငန်းတွေနဲ့ ပွဲစားတွေကို အခွန်ငါးရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။ “ပွဲခစား အကျိုးဆောင်လုပ်ငန်းတွေကို ကောက်သွယ်မယ်၊ အရပ်ပွဲစားတွေက လောလောဆယ် လွတ်သွားမယ့်သဘော ရှိတယ်၊ ဒါပေမယ့် အခု သက်ဆိုင်ရာ နယ်မြေတွေကနေ စုံစမ်းပြီး လုပ်ဆောင်သွားမယ်” လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောပါတယ်။ လိုင်စင်ပြုလုပ်ထားတာ မရှိဘဲနဲ့ အလွတ်လုပ်နေတဲ့ ပွဲစားတွေကိုပါ အခွန်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ်၊ ကားအရောင်းအဝယ် လုပ်နေတဲ့ အလွတ်ပွဲစားတွေကို စုံစမ်းပြီး ကောက်ခံသွားမှာ ဖြစ်တယ်။ ပွဲခစားလုပ်ငန်း၊ မြေအဆောက်အအုံ ပုံစံထုတ်၊ အလှဆင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ ကြော်ငြာ၊ ဓါတ်ပုံရိုက်နှင့် ရုပ်ရှင်တည်းဖြတ်၊ ရိုက်ကူး၊ ဖြန့်ချိ၊ အကျိုးဆောင်ရှေ့နေ၊ လက်မှတ်ရ စာရင်းကိုင်၊ စာရင်းစစ်တွေကိုလည်း အခွန်ငါးရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။ “လက်မှတ်ရ စာရင်းကိုင်ဆိုတာက ကုမ္ပဏီတွေကို အခကြေးငွေယူပြီး စာရင်းစစ်တဲ့သူတွေ (CPA) ကိုပြောတာ” လို့ ဦးအောင်မိုးကြည်က ပြောပါတယ်။ “ဒီအခွန် လေးမျိုးကို ဒီနှစ်မှ တိုးလိုက်တဲ့ အခွန်ဖြစ်တယ်” လို့ အခွန်ဆိုင်ရာ ရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောပါတယ်။ စာရင်းဇယားတွေကို ထိမ်ချန်ထားမယ်ဆိုရင် ကုန်သွယ်ခွန် ဥပဒေအရ ဆောင်ရွက်သွားမှာ ဖြစ်သလို အခွန်နှုန်းထားတွေကို လျှော့ချပေးထားပြီး အခွန်ဥပဒေကိုလည်း လွယ်ကူရှင်းလင်းအောင် စီမံထားတယ်လို့ ၄င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 10:56 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.