Tuesday, July 17, 2012

အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည်



၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များ။ ဓါတ်ပုံ - RFA
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။

အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့် အစီအစဉ်အဖြစ် ဂါရ၀ပြုဖို့ သတ်မှတ်ထားကြောင်း၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ ပြုမှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။


အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရ၀ ပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။


ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမှာဖြစ်ပါတယ်။


RFA Burmese

ဘကြီးသက်
Unknown at 9:08 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.