Monday, July 2, 2012

ကုလား - ရခိုင် အဓိကရုဏ်း ဖြစ်စဉ် အစအဆုံး (ဗွီဒီယို)



ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များအပေါ် ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နှင့် ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သတင်းဖော်ပြသည်။

ဇွန်လ ၃ ရက်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ရိုးမသစ္စာ မော်တော်ယာဉ်ပေါ်မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုဖြစ်စဉ်ကို အမှုဖွင့် အရေးယူ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်နိုင်ဖွယ်ရှိသူ ၃၀ ဦးအား ဖော်ထုတ်ရရှိသဖြင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြသည်။

ထို့အတူ ဇွန်လ ၃ ရက်တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းအား လူစုလူဝေးဖြင့် ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ကိုလည်း အမှုဖွင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ၂၄ ဦးအနက် ၁၉ ဦးကို စစ်တွေရဲစခန်းမှ ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန် ၅ ဦးကိုလည်း ဆက်လက် စုံစမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ အရေးယူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များအပေါ် ဖော်ထုတ်အရေးယူလျက်ရှိသည့် သတင်းဖော်ပြချက် အပြည့်အစုံကို အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ဖတ်ရှုနိုင်သလို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြပါရှိကြောင်း သိရသည်။

ဘကြီးသက်
Unknown at 10:30 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.