Thursday, July 26, 2012

ဆင်ခြင်ဖွယ်ဖြစ်ရပ်မှန်(ခွေးတွေကြောင့် ရေတိမ်နစ်ရတဲ့ နှစ်နှစ်သားကလေးငယ်


ဒီအကြောင်းကိုကြားသိလိုက်ရတဲ့ တစ်နယ်လုံး၊ တစ်ရွာလုံးမှာရှိကြတဲ့ လူတိုင်း ကြေကွဲ ဝမ်းနည်းလို့ မဆုံးကြပါ ဘူး။ အဖြစ်ကရင်နင့်စရာပါ။ နှစ်နှစ် သားအရွယ်ကလေးငယ်တစ်ယောက် ခွေးကိုက်လို့ အသက်ဆုံးရှုံးသွားရ သတဲ့လေ။ ပိုဆိုးတာက ချစ်လို့ ရှုလို့မှမဝနိုင်သေးတဲ့ ဒီသားငယ်လေးဟာ သူတို့မိသားစုမှာတော့ ပထမဆုံး တစ်ဦးတည်းသော သားငယ်လေးဖြစ် နေလို့ပါပဲ။
ဇာတ်လမ်းကတော့ ကိုဆန်းကျော် လင်းနဲ့ မကြည်လှိုင်တို့ဇနီးမောင်နှံဟာ နှစ်နှစ်အရွယ် ကလေးငယ်လေး တရုတ်ကြီး(ခ) မောင်ခန့်ဖြိုးသန့်နဲ့ ရွှေဘိုမြို့ရဲ့ အရှေ့(၇)မိုင်အကွာမှာရှိတဲ့ တအုံရွာလေး မှာ ရိုးရာတောင်သူလယ်လုပ်ဘဝလေး နဲ့ နေထိုင်ကြပါတယ်။ ဇူလိုင် ၁၅ ရက် မနက်စောစောမှာတော့ အရင်နေ့က ခပ်စစရွာထားတဲ့ မိုးဖွားလေးကြောင့် ကိုဆန်းကျော်လင်းတစ်ယောက် သူတို့ လယ်တောရှိရာကို လုပ်ကွက်ကိုင်ကွက် အဆင်ပြေ မပြေကြည့်ဖို့ တစ်ယောက် တည်း ထွက်သွားခဲ့တာပေါ့။ အိမ်မှာက ဇနီးဖြစ်သူနဲ့ သားငယ်လေးပဲ ကျန်ခဲ့ တာ။ ဇနီးဖြစ်သူကလည်းထုံးစံအတိုင်း အိမ်အလုပ်တစ်ဖက်၊ ကလေးတစ်ဖက် နဲ့ကျန်ခဲ့ရတယ်။ နံနက် ၆ နာရီ ခွဲခန့်လောက်မှာတော့ မိခင်ဖြစ်သူ ဆန် ရွေးနေတုန်း သားငယ်ဖြစ်သူက အိမ် အတွင်းမှထွက်သွားတာ သတိမထား မိလိုက်ဘဲဖြစ်သွားတယ်။ ကလေးမမြင် တော့မှ ထွက်ရှာတာ၊ အချိန်က အင် မတန်တိုတောင်းပါတယ်။ ကလေးက သူတို့အိမ်ရဲ့ အနောက်ဘက်က အိမ်နီး နားချင်းအိမ်တွေဘက်ဆီကိုပဲ သွားသ လားဆိုပြီး မကြည်လှိုင်အပြေးသွား အော်ခေါ်တော့လည်း ကလေးကိုမတွေ့ ရဘူး။ ဒါနဲ့ မကြည်လှိုင်တစ်ယောက် တောင်တောင် မြောက်မြောက်ပြေးလွှား အော်ဟစ်နေချိန်မှာပဲ တစ်ရွာတည်းနေ တဲ့ ရဲဝင်းထွန်းက ကလေးကို ခွေးလေး ကောင် ဝိုင်းကိုက်ဆွဲနေတာကိုတွေ့ရ လို့ ခွေးတွေကို ခဲနဲ့ပစ်ပေါက်ပြီး ခြောက် လှန့်လိုက်ရတယ်။ ဒါတောင် ခွေး တစ်ကောင်က တော်တော်နဲ့ မသွားချင် ဘူးတဲ့၊ ကျန်တဲ့ခွေးသုံးကောင်ကလည်း ထွက်ပြေးမသွားဘဲ ခပ်လှမ်းလှမ်းက ကြည့်နေကြတယ်တဲ့။ ကလေးကမြေ ပြင်ပေါ်မှာလဲနေပါပြီ။ အဲဒီအချိန်မှာပဲ အိမ်နီးချင်းဖြစ်တဲ့ ဒေါ်မြင့်ရောက်လာပြီး ''အမယ်လေး ကိုယ်ကျိုးနည်းပါပြီ၊ ဒါဖိုး တရုတ်ကြီးတော့'' ဆိုပြီး ကလေးကို ပွေ့ချီလိုက်တယ်။ မရှေးမနှောင်းမှာပဲ သူ့အမေရောက်လာတော့ ကလေးက 'မေမေ' လို့ခေါ်တယ်တဲ့။ ဒါနဲ့ ရွှေဘိုဆေးရုံကို အလျင်အမြန်ခေါ်လာခဲ့ကြတယ်။ ဆေးရုံရောက်တော့လည်းမေမေတဲ့၊ အဲဒါဟာ နောက်ဆုံးခေါ်သံပါပဲ။ အဲဒီနေ့ နံနက် ၇ နာရီခွဲလောက်မှာပဲ ဖိုးတရုတ်ကြီးဆုံးပါးသွားရှာတယ်။ ဒီလို ဇာတ်လမ်းမျိုးကတော့ မြန်မာပြည်မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမျှမကြား ဖူးခဲ့ပါဘူး။ ဖြစ်မှဖြစ်ရလေ၊ လူကို ခွေး ကိုက်လို့သေရတယ်လို့။
အဲဒီခွေးတွေက ညညဆိုရင်လည်း ရွာထဲမှာရှိတဲ့ ကြက်တို့ ဘဲတို့ ဝက်ပေါက်လေးတွေကိုအလစ်သုတ်သုတ် ပြီး ကွက်လပ်ကြီးထဲမှာ ဝိုင်းဖွဲ့စားကြတာတဲ့။ တစ်ခါတလေ ဆိတ် အကောင်ပေါက်ကလေးတွေကိုတောင် ကိုက်ချီပြီး စားကြတယ်လို့ ရွာသူရွာ သားတွေကပြောကြတယ်။ ခွေးတွေက သားငါးအစိမ်းတွေကို စားကျင့်ဖြစ် နေတော့ ဒီကလေးကိုလည်း နှစ်နှစ်သား အရွယ်ပေါက်စနဆိုပြီး ကိုက်ဆွဲကြပုံရ ပါတယ်။ ကလေးရဲ့ ပေါင်၊ နဖူး၊ လည်ကုပ်တွေမှာ ခွေးကိုက်ဒဏ်ရာတွေနဲ့ အသက်ဆုံးရတာပါ။ ဒီလိုခွေးမျိုးတွေဟာ ချောင်းပြီးအလစ်သုတ် တတ်တာမို့ အစာလို့ ထင်ရတဲ့အရာတွေကို ကိုက် တဲ့အခါမှာ အသံမထွက်ကြပါဘူး။
တစ်ခါမှာလည်း တအုံရွာရဲ့ အရှေ့နားဆီက အုန်းပေါက်ဆိုတဲ့ ရွာလေးတစ်ရွာက ဆရာမတစ်ယောက် ညနေ ကျောင်းဆင်းလို့ ရွှေဘိုကိုပြန်အလာ ခွေးတွေအတင်းလိုက်ဆွဲလို့ ခြေထောက်နှစ်ဖက်ကို အထက်မတင်ပြီး အတင်း မောင်းပြေးခဲ့ရဖူးတယ်လို့ တအုံကဆရာမ ဒေါ်မျိုးယုမွန်က ပြောပြပါသေးတယ်။ တအုံရွာထဲက ရွာသူ ရွာသားတွေလည်း မကြာမကြာ ခွေးအကိုက်ခံရတယ်ဆိုတာလည်း ရွာသားတွေပြောပြလို့သိရတယ်။
ဒီရင်နင့်ကြေကွဲဖွယ် ဇာတ်လမ်းကနေပြီး သင်ခန်းစာယူစရာတွေက တော့တစ်ပုံကြီးပါပဲ။ အကယ်၍သာ သားစိမ်းငါးစိမ်းအရှင်တွေကို အလစ်သုတ်ပြီးစားတတ်တဲ့ ခွေးတွေကို သိရတဲ့အချိန်ကစပြီး သုတ်သင်ရှင်း လင်းမှုတွေ လုပ်ထားခဲ့မယ်ဆိုရင် ပေါက်ပွား လာမယ့်ခွေးတွေကို ကြိုတင်တားဆီး ပိတ်ပင်ထားခဲ့မယ်ဆိုရင် ဘယ်လိုကိစ္စ မှာပဲဖြစ်ဖြစ် ကိုက်တတ်တဲ့ ခွေးမှန်သမျှကို အိမ်တိုင်း၊ ကျောင်းတိုင်းကလုံးဝ လက်ခံမထား ခဲ့ဘူးဆိုရင် ဒီလိုမျိုးကိစ္စ ကရှောင်ရှားနိုင်မှာပါ။
အထူးသဖြင့် လမ်းလျှောက်သွားတတ်ခါစ ရင်သွေးငယ်လေးတွေကို မိဘများအနေနဲ့လည်း မိမိမျက်စိ အောက်က အနည်းငယ်မျှ ပျောက်မသွားမိအောင် အထူးသတိထားဖို့လည်း လိုပါတယ်။
ပြီးတာတော့ပြီးခဲ့ပါပြီ။ နောက်နောင်ကို ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မြန်မာပြည် သူပြည်သားတွေ မကြုံတွေ့ကြရလေ အောင် မွန်မြတ်တဲ့စေတနာနဲ့ ရေးသား လိုက်ရခြင်းသာဖြစ်ပါတယ်။ ။


ဘကြီးသက်
Unknown at 12:02 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.