Saturday, July 7, 2012

7 July အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့

7 July အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က သတင်းမီဒီယာများသို့ ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ ၆ ရက်နေ့ ညဦးပိုင်းက ရန်ကုန်မြို့မှ ဗကသအဖွဲ့ဝင်များဖြစ်ကြသော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့အား စစ်ဆေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ခေါ်ယူသွားခဲ့ကြောင်း၊ အလားတူပင် မန္တလေး၊ ရွှေဘို၊ မုံရွာ၊ မြင်းခြံ၊ လားရှိုးမြို့များရှိ ဗကသ အဖွဲ့ဝင်များကိုလည်း စစ်ဆေးရန်အတွက် ခေါ်ယူသွားခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က 7 july အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းကိုနိုင်က "7 July အထိမ်းအမှတ် အခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း ကျနော်တို့ရုံးခန်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားမှာပါ။ ဆူပူမှုကို ကျနော်တို့လည်း မလိုလားပါဘူး။ ကျောင်းသားသမဂ္ဂအဆောက်အဦကြီး မရှိတော့တဲ့အတွက် ဘယ်လောက်ထိ နစ်နာခဲ့တယ်ဆိုတာမျိုးလောက်ပဲ ပြောသွားမှာပါ။ သမိုင်းမှာ သင်ခန်းစာယူနိုင်အောင် ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်" ဟု ပြောကြားပါသည်။

သိရှိရသော သတင်းများအရ မန္တလေးမြို့မှ ခေတ္တခေါ်ယူသွားခြင်းခံရသူများမှာ ကိုအောင်မှိုင်းဆန်း၊ ကိုအောင်၊ ကျော်မိုး (ခ) မိုးထက်နေ၊ ကိုသန်းထိုက်၊ ကိုမင်းခန့်တို့ဖြစ်ကြောင်း သိရသည်။

ရွှေဘိုမှ ခေါ်ယူသွားခြင်းခံရသူများမှာ ကိုပြည့်ဖြိုးကျော်၊ ကိုဝက်သိုး အပါအ၀င် ယောက်ျားလေး ၄ ဦးနှင့် မဌေးဌေးဝင်းတို့ဖြစ်ကြောင်း သိရသည်။

သိရှိရသော အရေအတွက်များအရ မုံရွာမှ ၄ ဦး၊ လားရှိုးမှ ၄ ဦးနှင့် မြင်းခြံမှ ၇ ဦးဖြစ်ကြောင်း သိရသည်။
ဘကြီးသက်
Unknown at 9:02 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.