Tuesday, July 3, 2012

1876 ကို ဘာကြောင့်ဖုန်းဆက်ကြတာလဲ.................ဘာကြောင့်ဖုန်းမဆက်ကြမှာလဲ ...........



အိုင်တီနည်းပညာနှင့်ပတ်သက်သော အခက်အခဲများကို Call Center မှ ဖြေရှင်းပေးမည်ဟု သိရသည်။ လက်ရှိ CDMA 800MHz ဖုန်းများအတွက် အင်တာနက် လျှောက်ထားရာတွင် ဖုန်းနှင့် အင်တာနက် ချိတ်ဆက်ရန်အတွက် လည်းကောင်း၊ GSM နှင့် WCDMA ဖုန်းများ အင်တာနက် လျှောက်ထားရာတွင် ဖုန်းနှင့် အင်တာနက် ချိတ်ဆက်ရန်အတွက် လည်းကောင်း Setting ချိန်ခြင်းများကို ဖြေကြားပေးလျက်ရှိကြောင်း Call Center မှ သိရသည်။ Mobile ဖုန်းနှင့် ပတ်သက်သော Software နှင့် Hardware အခက်အခဲများ ဖြေရှင်းပေးခြင်းများကို လည်းဆောင်ရွက်ပေးမည်ဟု သိရသည်။ တယ်လီဖုန်းပေါ်မှ တစ်ဆင့်ဖြေရှင်း၍ အဆင်မပြေသော နည်းပညာ အခက်အခဲများအတွက်လည်း သီးသန့်ဝန်ဆောင်မှုများ ရယူနိုင်မည်ဟု ဆိုသည်။ အဆိုပါ ဆောင်ရွက်ချက်များအတွက် ၁၈၇၆ သို့ ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်သည်။ လက်ရှိ နေ့စဉ်ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများ၊ တစ်လအတွင်း မိုးလေဝသ ခန့်မှန်းချက်များ၊ မိုးလေဝသနှင့် ပတ်သက်သော အသိပေး ကြေညာချက်များကိုလည်း မေးမြန်းနိုင်မည်ဖြစ်ပြီး ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၃၀ ကျပ်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ၏ ISP ဖြစ်သော ရတနာပုံတယ်လီပို့ ၏အင်တာနက် ဆားဗစ် complain ကိုလည်း ရတနာပုံ Call Center မှတာဝန်ယူဖြေရှင်းပေးနေကြောင်း သိရှိရပါသည်။ Internet Service Complain အတွက် တစ်မိနစ်လျှင် ၃၀ ကျပ်နှုန်းကောက်ခံသွားပါက ရေရှည်တွင် ပြသနာအခက်ခဲများဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတင်းများရရှိပါသည်။
1876  = 30+phone baill
4421111= Free call 

ဘကြီးသက်
Unknown at 5:47 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.