Friday, June 29, 2012

မြန်မာဟတ်ကာများမှ ရှင်းလင်းချက် ( မြန်မာ VS ဘင်္ဂလီ CYBER WAR )

 
အစွန်းရောက်ဝါဒီ ဖေစ်ဘွတ် ဟက်ကာ အဖွဲ့များမှ ပြည်တွင်းပြည်ပ ရှိ မွတ်စလင်မ် ၀က်ဘ်ဆိုက်များ အားတိုက်ခိုက်... ခေါင်းစဉ်ဖြင့် MyanmarMuslim.net မှ သတင်းဆောင်းပါး အပေါ် ခွပ်ဒေါင်းတပ်မှ တုန့်ပြန်ချက်...

အချက် (၁) မှ စတင်ပြီး အချက်(၃) ထိ ရှင်းပါတော့မည်။ အချက်(၁) မှ (၃) အထိကို အောက်တွင်ဖေါ်ပြထားပါသည်။
BHG နှင့် OpRohingya သည် မျိုးချစ် မြန်မာတိုင်းရင်းသား ဟက်ကာများ ဖြစ်ပါသည်။ လူမျိုးပေါင်းစုံပါသလို အလွှာပေါင်းစုံမှ ပါဝင်သည်။

ဆိုက်ဘာစစ်ကို ဘယ်သူကြေငြာသလဲ?
---------------------------------------
ဘင်္ဂလားဒေရှ့်မှ စတင်ကြေငြာခဲ့တယ်။ သူတို့ မကြေငြာခင်ကတည်းက ပြင်ဆင်နေသည်ကိုရော သိပါသလား...သတင်းအား စုံလင်စွာ မလေ့လာပဲ စွပ်စွဲပြောဆိုသော ကလောင်ရှင်အား ရှုံ့ချရမည်။ ဘင်္ဂလားဒေ့ရှ်သည် မိမိတို့ နိုင်ငံအား ဆိုက်ဘာစစ် စတင်ကြေငြာပြီး နိုင်ငံတော် အလံပေါ်တွင် ဖိနပ်တင်ထားသော ပုံဖြင့် စတင်တိုက်ခိုက်သည်။ ပြီးလျှင် ပြီးချင်း မြန်မာ့အစိုးရ ဆိုက်များကို တစ်ခုပြီးတစ်ခု ဖြုတ်ချသည်။ မြန်မာဆိုက်တစ်ခုပြုတ်ကျတိုင်း ၇င်နင့်ခဲ့ရသည်။ သင်တို့ခံစားဖူးပါသလား။ သင်တို့သည် မြန်မာနိုင်ငံတွင် နေထိုင်နေပြီး မြန်မာနိုင်ငံအား ကျူးကျော် စော်ကားလာသော သူများကို အကောင်းပြောနေပြီး ထိုကျူးကျော်လာသောသူများကိုပင် သတင်းပေးအဖြစ် သစ္စာဖောက်သေးသည်။ ဘယ်ဆိုက်ကျန်သေးသည်။ ဘယ်ဆိုက်က ဘယ်သူ့ဟာဆိုပြီး တိုက်ခိုက်ခိုင်းသည်။ သစ္စာဖောက် အသားထဲကလောက်များပင်။ ဘင်္ဂလားများသည် လူမျူိးရေး အရ တိုက်ခိုက်ခြင်းထက် ဘာသာရေး လှုံ့ဆော်မှုကို ရှေ့တန်းတင်နေသည်ကို သိပါလော... ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင် ဘာသာရေးမှိုင်းတိုက်နေသည်ကို သိပါသလော...

ပါကစ္စတန် ဆိုက်များကို ဘာကြောင့် တိုက်ရသလဲ?
-----------------------------------------------------

စစ်ပွဲသည် ဘင်္ဂလားဒေရှ့်နှင့် မြန်မာသာ ဖြစ်သည်။ ဘင်္ဂလားဒေရှ့်မှ ဟက်ကာများသည် မြန်မာများကို မနိုင်တော့သဖြင့် ပါကစ္စတန် ဟက်ကာများကို အကူအညီတောင်းသည်။ ပါကစ္စတန်ဟက်ကာများ အဖွဲ့ (PCA) တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတော် အစိုးရဆိုက်များ နောက်ပိုင်းတွင် ဆိုက်တိုက်ကျနေရသည်။ ထိုသည်ကို မြန်မာဟက်ကာများအဖွဲ့မှ သိသိချင်း ပါကစ္စတန်များကို တိုက်ခိုက်မှု စတင်တော့သည်။ ထို့နောက် ဆက်နွယ်ရာ အဖွဲ့အစည်းများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရသည်။ မည်သည့်အတွက်ကြောင့်ဆိုသော် မြန်မာနိုင်ငံအား ထိပါးလာခြင်းကြောင့်ပင်။ မြန်မာနိုင်ငံအား ထိပါးမှုတွေ မပြုလုပ်ခဲ့ပါမူ ဘာမှ လုပ်စရာ အကြောင်းမရှိပေ။
အစ္စလာမ်ဘာသာဝင်တွေ ဘုရားရှိခိုးနေတဲ့လူအပေါ်ကို ၀က် ကတက်နေတဲ့ပုံမျိုးတွေ တင်ခြင်းလား?
မြန်မာဟက်ကာများ တိုက်နေခြင်းသည် မိမိ တိုင်းပြည်အား စော်ကားခြင်းကြောင့် တိုက်နေသည်မှာ ရှင်းသည်။ နိုင်ငံတော် အလံတော်ပေါ် ဖိနပ်တင်ခြင်းသည် နိုင်ငံတစ်နိုင်ငံလုံးမှ ပြည်သူများအားလုံးကို စော်ကားလိုက်ခြင်းပင်။ ၀က်ပုံကို အသုံးပြုရခြင်းသည် ဘင်္ဂလားဒေရှ့်သည် မြန်မာနိုင်ငံကို အစတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်သော လူမျိုးကို ဦးတည်သော်လည်း တဖြည်းဖြည်းနှင့် ဘာသာရေးစစ်ပွဲအသွင် ပြောင်းလာခဲ့သည်။ ထိုသို့သော ဘာသာရေးအသွင်ပြောင်းလာချိန်တွင် မြန်မာများဘက်မှလဲ ဘာသာရေးနှင့် ဆန့်ကျင်သော အပြုအမူများ ပြုလုပ်လာရတော့သည်။ အမျိုးသားရေးစိတ် ပြင်းထန်သော မြန်မာများသည် နိုင်ငံတော် အလံပေါ်တွင် ဖိနပ်တင်လိုက်သည့်လုပ်ရပ် အတွက် သည်းမခံနိုင်သလို ဘာသာရေး အယူပြင်းထန်သော အစ္စလာမ်ဘာသာဝင်သူများသည် ၀က်ပုံအသုံးပြုခြင်းကို လဲ သည်းမခံနိုင်သည်မှာ မျှတသည်။ သိထားသင့်သည်မှာ..ယနေ့ထိ မြန်မာဟက်ကာများနှင့် မြန်မာများသည် ဘင်္ဂလားဒေရှ့်နိုင်ငံတော် အလံကို မထိပါးသေး သည်ကို သိထားသင့်သည်။ အသားထဲကလောက်ထွက်ပြီး နိုင်ငံတော် ကို စော်ကားနေသည်ကို ထိုင်ကြည့်ပြီး မိမိတို့ဘာသာကို စော်ကားနေသည်ကိုတော့ ဆပ်ဆပ်ထိ မခံနိုင်။

ဝက်ပုံတင်ခြင်းသည် ဘာသာကို စော်ကားခြင်းမဟုတ်။ လူပုံပေါ်ကို မစင်တင်ထာခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။ လူကိုသာ စော်ကားခြင်းဖြစ်သည်ကို သိထားသင့်သည်။ ရောဂါပေါင်းစုံနှင့် ပြည့်လျှမ်းနေသောကြောင့် ၀က်သား မစားဖို့ တားမြစ်ထားသည်။ ကျန်းမာရေး အတွက်သာ ဖြစ်သည်ဟုမြင်သည်။ မစင်အား လူများ မစားသလို..

မြန်မာဟက်ကာများသည် မိုဟာမက် ကို မတိုက်ခိုက်။ အလာ ကို မတိုက်ခိုက်။ ဘင်္ဂလားလူမျိုးကိုသာ တိုက်ခိုက်သည်ကို မြန်မာမူစလင် ဘာသာဝင်များ သိထားသင့်သည်။ ရောယောင်ကာ အသံကောင်းဟစ်ပြီး မြန်မာဟက်ကာများနှင့် မူစလင် ဘာသာဝင်များအကြား သွေးမခွဲပါနှင့်။ မြန်မာဖက်မှ ယနေ့စစ်ပွဲသည် လူမျိုးရေး၊ တိုင်းပြည်ရေးအတွက် တိုက်နေသော စစ်ပွဲသာ ဖြစ်သည်ကို သတိထားပါ။

ယနေ့မြန်မာများသည် ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံရေး အမျိုးသားရေးအတွက်သာ တိုက်ပွဲဝင်နေသည်။ မြန်မာမူစလင်ဆိုက်နှင့် အပေါင်းအပါများသည် မွတ်စလင်များကို တိုက်ခိုက်နေသည်ဆိုသော ဘာသာရေးစစ်ပွဲအသွင် ဖြစ်လာအောင် လှုံ့ဆော်မှုများကို ရပ်တန်းက ရပ်ပါ။

MyanmarMuslim.net ကိုဘာကြောင့် တိုက်ခိုက်သလဲ?
--------------------------------------------------------

ဘင်္ဂလားဒေရှ့်ဘက်မှ လိုက်ပြီး မြန်မာဟက်ကာများကို တဖက်စောင်းနင်းရေးနေသော စာများရှိသည်။ ရခိုင်အရေးနှင့် ပတ်သက်ပြီး အမှန်တရားကို သိလာအောင် မြန်မာဟက်ကာများ ပူးပေါင်းပြီး ဘင်္ဂလားစာနယ်ဇင်းကို တိုက်ခိုက်နေသည်။ ကမ္ဘာက သိလာအောင် ပြသနေသည်။ လမ်းမပေါ်ထွက်ပြီး ရိုဟင်ဂျာသည် မြန်မာနိုင်ငံသားမဟုတ်ဟု ပြသနေသော အပြုအမူနှင့် အတူတူပင်။ ရိုဟင်ဂျာများအတွက် မြန်မာပြည်ကို တိုက်ခိုက်နေသော ဘင်္ဂလားများကို ထောက်ခံအားပေးပြီး မြန်မာဟက်ကာများကို စုတ်ပြတ်သတ်အောင် ဝေဖန်နေသော မြန်မာမူစလင် ဆိုက်ကို မည်သည့်အတွက်ကြောင့် တိုက်ခိုက်ရသည်မှာ ရှင်းပါသည်။ အမှန်ကိုသာ ဖေါ်ပြပေးခြင်းဖြင့်သာ မြန်မာနိုင်ငံအား မြှင့်တင်ဖို့ ကြိုးစားပါ။

မြန်မာမူစလင်ဆိုက်မှ ရေးသားချက်များ....
----------------------------------------
အချက် (၁)
"Blink Hacker Group နဲ့ Operation Rohingya နှင့် အမည်ရှိသော မြန်မာ အစွန်းရောက်ဝါဒီ ဟက်ကာ အုပ်စုများက ရိုဟင်ဂျာဝက်ဆိုက်များ အပြင် ပြည်တွင်းရှိ မြန်မာမွတ်စလင်များ၏ စီးပွားရေး ၀က်ဆိုက်များ လူမူရေးဝက်ဆိုက်များ ၊ အစ္စလာမ်ဘာသာဝင်များ၏ လူမူကွန်ယက် ၀ဘ်ဆိုက်များကို ဟက်လုပ် တိုက်ခိုက် လျက်ရှိရုံမျှ မက ဆော်ဒီအာရေဗျ အစိုးရ၀ဘ်ဆိုက်များ လေကြောင်းလိုင်းများ ပါကစ္စတန်နိုင်ငံ ၀ဘ်ဆိုက်များ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ ၀ဘ်ဆိုက်များအား Cyber War ကြေငြာပြီး လိုက်လံတိုက်ခိုက်နေကြောင်းသတင်းရရှိပါသည်..."

အချက် (၂)
"တဆက်တည်းမှာပဲတဖက်က ပြည်တွင်းပြည်ပ နိုင်ငံရေး သမားတစ်ချို့ကလဲ သူတို့ အကျိုးအမြတ်အတွက် လှုံဆော်ဘေးတီးပေးကြတယ်၊ Blink Hacker Group ဆိုယင် စစ်တွေအရေးအခင်း မစခင်ကလေးကပဲ Cyber War ကြေငြာပြီးတော့ ငါတို့လက်တွေသွေးစွန်းဖို့လိုတယ်ဆိုပြီး Hacking လုပ်တယ် သူတို့က အစပိုင်းဦးတည်တာက ရိုဟင်ဂျာဆိုဒ်တွေကိုဗျ နောက်တော့ မြန်မာမွတ်စလင်မ် သတင်းဆိုဒ်တွေကို တောက်ရှောက်တိုက်တာပဲ။......"

အချက် (၃)
"ဒါပေမဲ့ အခု သူတို့ ကဆက်ပြီး မွတ်စလင်မ်ဖြစ်ယင်ပြီး ရောဆိုပြီး ဆော်ဒီ အဲယားလိုင်းပါမကျန်၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေရှ့် က ၀ဘ်ဆိုဒ်တွကို ဟက်ဖို့ကြိုးစားတယ်၊ ဟက်လို့ရတဲ့ ဆိုဒ်တွေကို ညစ်ညမ်းတဲ့ ဆဲဆိုမူတွေပါတဲ့ စကားတွေနဲ့ မြန်မာနိုင်ငံအလံပါတဲ့ စာမျက်နှာတင်ထားခဲ့တယ်။ တစ်ခါတစ်လေ အစ္စလာမ်ဘာသာဝင်တွေ ဘုရားရှိခိုးနေတဲ့လူအပေါ်ကို ၀က် ကတက်နေတဲ့ပုံမျိုးတွေပါ ပါသေးတယ် ၊အဲဒါ အဆိုးဆုံးပေါ့ သူတို့က DDoS သုံးပြီး တိုက်တာ။ myanmarmuslim.net ကိုတောင် တိုက်သေးတယ် သူတို့ကတော့ IP တွေမှတ်ထားတာတွေတော့ရှိတယ်လို့ပြောတယ်။".........

ဘကြီးသက်
Unknown at 9:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.