ပြည်တွင်းရှိ Call Center သည် လက်ရှိဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများအပြင် နောက်ထပ်ဝန်ဆောင်မှု အသစ်များကို ဇွန်လအတွင်း ထပ်မံတိုးချဲ့လိုက်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်အသစ် တစ်ခုလည်း တိုးလာကြောင်း သတင်းရရှိသည်။ ယခင်က ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၁၈၇၆ တစ်ခုတည်းဖြစ်ပြီး အသစ်တိုးလာသော ဖုန်းနံပါတ်မှာ ၁၈၇၅ ဖြစ်ကြောင်း သိရသည်။ ယင်းနံပါတ်အသစ်သို့ ဆက်သွယ်မေးမြန်းနိုင်မည့် ဝန်ဆောင်မှုအသစ်များမှာ ကျန်းမာရေးဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ဝန်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုတွင် ၂၄ နာရီ အချိန်မရွေး မေးမြန်းနိုင်ပြီး ဆရာဝန်များမှ ကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပေးခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ အလုပ်အကိုင် ဝန်ဆောင်မှုအဖြစ် အလုပ်ရှာဖွေသူများမှ ၁၈၇၅ သို့ ဖုန်းဆက်ပြီး မိမိတို့၏ CV များကို တင်နိုင်ခြင်း၊ ကုမ္ပဏီများမှလည်း ၁၈၇၅ သို့ ဖုန်းဆက်ပြီး ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဟု သိရှိရသည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge