Thursday, June 28, 2012

ခေတ်ပြောင်းကာလဟာ နောက်ဆုံးပန်းတိုင် မဟုတ်သေးပါ


ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနတွေ၊ သတင်းမီဒီယာဌာနတွေဟာ အရင်တုန်းကဆိုရင် အာဏာရှင်စနစ် တိုက်ဖျက်ဖို့အတွက် မြန်မာ့ဒီမိုကရေစီအရေးတွေမှာ ထိပ်တန်းကနေ စွမ်းစွမ်းတမံ ကူညီ ပံ့ပိုးပေးနိုင်ခဲ့ကြပါတယ်။ ကမ္ဘာကျော်အောင် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တာ မငြင်းနိုင်လောက်အောင်ပါပဲ။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ဆီကနေ ဒီမိုကရေစီဘက်ကို ကူးပြောင်းဖို့ ခြေလှမ်းတွေ စတင်နိုင်ခဲ့ပါတယ်။
ဒီလိုစတင်နေလိုက်ရုံနဲ့ မူလရည်မှန်းချက်ကြီးဖြစ်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေး ပန်းတိုင်ကို တခါတည်း ရောက်သွားတာတော့ မဟုတ်သေးပါဘူး။ အာဏာရှင်စနစ်ဘက်ဆီကို ပြန်လည် ကူးပြောင်း မသွားနိုင်ဖို့၊ လက်ရှိ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေကို ပိုမိုခိုင်ခန့် အားကောင်းလာအောင် အများကြီး ဆက်လုပ်ဖို့ ကျန်နေပါသေးတယ်။

ပန်းတိုင်မရောက်ခင် တက်ကျိုးတတ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်ထောင်တတ်ပါတယ်။ ဒီ ၂ ချက်ကို မဖြစ်စေရအောင် ဂရုစိုက် ပြင်ဆင်နိုင်မှလည်း ပန်းတိုင်ကို ရောက်ပါမယ်။

ဘယ်လိုအကြောင်းရင်းခံတွေဟာ မြန်မာ့ဒီမိုကရေစီအရေးကို ပိုမို တိုးတက်စေမလဲ၊ ဆုတ်ယုတ် ပျက်ဆီးစေမလဲ ဆိုတာတွေကို ခွဲခြားကြည့်နိုင်ရပါမယ်။ သာမန်ပြည်သူတွေတောင်မှ ဒါကို ခပ်လွယ်လွယ်ပဲ ခွဲခြားမြင်နိုင်စွမ်း ရှိကြပါတယ်။ လူထုအသံကို ကြားမိကြမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူတွေကို လှည့်စားလို့ မရတော့တဲ့ အခြေအနေပါ။ ဒါကိုလည်း သိထားဖို့ လိုအပ်ပါလိမ့်မယ်။

ပြည်သူတွေဘက်မှာ မရပ်တည်သမျှ အရှုံးနဲ့သာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့ရသူတွေ ရှိနေတာကိုလည်း ယူကျုံးမရစွာ တွေ့နေရပါတယ်။ ပြည်သူတွေ လက်မခံသမျှ နိုင်ငံရေးလောကရဲ့ အရှုံးသာ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးလောကထဲကနေ အရှုံးနဲ့ ထွက်ခွာသူတွေ နောက်ထပ် မရှိစေချင်တော့ပါဘူး။

နောက်ထပ် ရှုံးစရာ မရှိတော့ဘူး (Nothing to lose) ၊ မထူးတော့ပါဘူး ဆိုတဲ့ ခံယူချက်မျိုးနဲ့ မရရအောင် ဖျက်ဆီးနေတာတွေကလည်း တကယ်တော့ မကောင်းပါဘူး။ ရည်မှန်းချက် မမှန်သူ၊ စိတ်ဓါတ်ပျော့ညံ့သူတွေရဲ့ ပြီးစလွယ် အတွေးနဲ့ အမူအကျင့်မျိုးသာ ဖြစ်ပါတယ်။ အကောင်းအဆိုး နောက်ဆက်တွဲတွေအပေါ် တန်ဖိုး မထားတတ်တာမျိုး ဖြစ်ပါတယ်။ ဘယ်သူမဆို ရိုးရိုးကျင့် မြင့်မြင့်ကြံနိုင်ရင် ပျက်အစဉ် ပြင်ခဏသာ ဖြစ်ပါတယ်။

မီဒီယာရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည် တည်ဆောက်ဖို့အတွက် အလွန်ပဲ အရေးကြီးလှပါတယ်။ စနစ် ကောင်း- မကောင်း၊ လူမှန်နေရာမှန် ရှိ-မရှိ ကြောင်းကျိုးခိုင်လုံစွာ ထောက်ပြနိုင်စွမ်းရှိတဲ့ မီဒီယာကိုယ်တိုင်က မှန်ကန်တဲ့ ရည်မှန်းချက်အတိုင်း စနစ်တကျ အရည်အချင်းရှိရှိ အမြဲတမ်း အားဖြည့် လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို တိုက်ဖျက်စဉ်တုန်းက အစဉ်အလာကောင်းခဲ့ဖူးတဲ့ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူတွေဟာ ဒီမိုကရေစီကို မြတ်နိုးလိုလားတဲ့ ပြည်သူလူထုကြီးဘက်မှာ အခိုင်အမာရပ်တည်ပြီး မြန်မာ့အရေးကို အရင်အတိုင်းပဲ ဂုဏ်သိက္ခာရှိရှိ၊ စွမ်းစွမ်းတမံ ပါဝင်စေလိုပါတယ်။

လွင်အောင်စိုး
၂၇-၆-၂ဝ၁၂

ဆက်စပ် ဆောင်းပါး - ဒီမိုကရက်တစ်မြန်မာ့အသံမှ ရခိုင်ပြည်နယ်အားထပ်ဆင့်လုပ်ကြံမှုတစ်ခု

ဘကြီးသက်
Unknown at 10:01 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.