Tuesday, June 12, 2012
အိုဘယ့် မီဒီယာတို့
ခုတလောအကြီးအကျယ်ဆွေးနွေးပြောဆိုနေကြတာတွေကတော့ ဘင်္ဂလီအရေးဖြစ်တယ်။
ဒီပြဿနာဟာ ဟိုးအရင်ထဲကရှိခဲ့တဲ့ပြဿနာဖြစ်ပေမဲ့ မသီတာထွေးအသတ်ခံရမှုကြောင့်
ရုပ်တရက်ကျယ်ပြန့်သွားခဲ့တယ်လို့ အမှတ်တမဲ့ယူဆနိုင်ပါတယ်။ ရခိုင်မိန်းမပျိုကလေး မသီ တာထွေးအပေါ်လုယက်မှု၊ မဒိန်းမှု၊ လူသတ်မှုတွေကို ဘင်္ဂလီသုံးယောက်ကကျူးလွန်ခဲ့တဲ့
နောက်ပိုင်း အကျိုးသက်ရောက်မှုတွေဟာ ဘာသာရေးအဓိကရုဏ်းအထိဦးတည်လာနေပြီ
ဖြစ်ပါတယ်။ ပြဿနာကဒီအမှုကနေစတယ်လို့ထင်စရာဖြစ်ပေမဲ့ မီဒီယာတခုကနေ ဘင်္ဂလီ
တွေကို ရိုဟင်ဂျာလို့ခေါ်တဲ့မြန်မာ့တိုင်းရင်းသားဆိုပြီးမြေပုံပေါ်မှာဖေါ်ပြခဲ့ရာကနေ မကျေနပ်
မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာတွေကလဲ မူဆလင်ကုလားလို့သုံးနှုံးခဲ့လို့
ပြန်လည်တောင်းပန်ခဲ့ရသလို ပြည်ပသတင်းမီဒီယာတွေ၊ တွစ်တာတွေ၊ ဘလော့တွေ၊ မျက်
နှာ စာအုပ်တွေမှာဒီပြဿနာကိုမူဆလင်နဲ့အစိုးရပြဿနာ၊မူဆလင်နဲ့မြန်မာနိုင်ငံပြဿနာ
သဖွယ်ယနေ့အထိရေးသားနေကြတာကိုတွေ့နေရပါတယ်။
အမှန်တော့ ဒီအဖြစ်ဟာမူဆလင်နဲ့ဗုဒ္ဓဘာသာ ဖြစ်တဲ့ပွဲမဟုတ်ဘူး။ ရိုဟင်ဂျာအမည်ခံထား
တဲ့ ဘင်္ဂလီတို့ရဲ့မြန်မာပြည်ကိုကျူးကျော်မှုကြောင့်ဖြစ်လာရတာသာဖြစ်တယ်။ ပြည်ပမီဒီယာ
တွေက ဒီကိစ္စမှာဘာသာရေးနှိပ်ကွပ်မှုလိုထင်ကြ ရေးကြခြင်းရဲ့ဇစ်မြစ်တခုကလဲ မြန်မာ့
လဝက ရဲ့ထူးခြားတဲ့စည်းမျဉ်းတွေကလဲတခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာလူမျိုးတယောက်
ကမူဆလင်ဖြစ်ရင်လူမျိုးနေရာမှာ မြန်မာလို့ဖြည့်လို့မရပါဘူး။ မဖြစ်မနေကုလားမျိုး တခုခု
ထည့်ပေးရပါတယ်။ ဥပမာဘင်္ဂလီ၊မွန်၊ရခိုင် ဆိုတာမျိုးပေါ့ဗျာ။ ဆိုတော့ ပြည်ပနိုင်ငံခြားသား
မီဒီယာတွေက ထစ်ကနဲဆိုဘာသာရေးနှိပ်ကွပ်မှုလိုခေါင်းစဉ်တပ်ချင်ကြတော့တာဘဲ။ သို့
သော်ဒါဟာဘာသာရေးအဓိကရုဏ်းမဟုတ်ဘူးဆိုတာမြန်မာလူမျိုးပြည်ပသတင်းမီဒီယာ
သမားတွေရှိနေပေမဲ့ ဘာလို့ရေငုံနှုပ်ပိတ်နေကြသလဲ တော့ကျနော်လဲမသိပါ။ မြန်မာလူမျိုး
တို့ထုံးစံ မိမိထမင်းအိုးပျောက်မှာစိုးလို့ပေလော ကျနော်မသိပါ။
ဒီနေ့ကာလဟာမြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုစတင်အကောင်အ
ထည်ဖေါ်နေချိန်ဖြစ်ပါတယ်။ အပြောင်းအလဲတခုကိုနိုင်ငံတခုအတွင်းလုပ်ပြီဆိုတာနဲ့ဆန့်
ကျင်ဘက်အဖွဲ့အစည်းတွေအကြားအလျော့အတင်း ပြုလုပ်ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲကြ
ရတာဖြစ်ပါတယ်။ တချိန်ထဲမှာဘဲ တစ်ဘက်တစ်ဘက် အလျော့ပေးညှိနှိုင်းရင်း ပျော့ကွက်၊
ဟာကွက်တွေအစိုးရအတွင်းပေါ်ပေါက်လာတတ်ပါတယ်။ ဒီအချေအနေကိုခုတုံးလုပ်ပြီး သ
နားစဖွယ်ကမ္ဘာလှည့်ပြီး ရခိုင်လူမျိုးနဲ့ ဘာတခုမှမတူတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုး
တစုကသူတို့ရပ်တည်မှု၊ ချေကုတ်တခုကိုမြန်မာပြည်တွင်းမှာရရှိဖို့လုံးပန်းနေကြတာကိုသ
တိပြုဖို့လိုပါမယ်။
အလွန့်အလွန်အံ့သြဘို့အကောင်းဆုံးက မြန်မာအစိုးရသေးသေးမွှားမွှားပြဿနာလေးတခု
ဖြစ်ရင်တောင်အာဘောင်အာရင်းသန်သန်အော်တတ်ပြောတတ်ကြတဲ့ ဒီဗွီဘီ၊ ဗွီအိုအေ၊
ဘီဘီစီ၊ အာအက်ဖ်အေ တွေဟာခုကိစ္စမှာအသံတိတ်နေကြတာဘဲ။ သတင်းထည့်ခဲ့မယ်
ဆိုရင်လဲ မခင်သီတာတွေးအသတ်ခံရမှုနဲ့ဘာမှ မဆိုင်တဲ့အပြစ်မဲ့မူဆလင်တွေအသတ်ခံရ
တဲ့တောင်ကုတ် ကိစ္စကြောင့်မခံမရပ်နိုင်လွန်းလို့ပေါက်ကွဲရတဲ့ တိုင်းရင်းသားမူဆလင်တွေရဲ့
ဆန္ဒပြမှုကို အစိုးရကအကြမ်းဖက်နှိမ်နှင်းလို့ပြဿနာပိုမိုကြီးထွားလာသလိုမျိုးရေးကြ၊ လွှင့်
ကြတယ်။ တကယ့်အနှစ်သာရကိုတော့ နှိုက်နှိုက်ချွတ်ချွတ်အစိုးရကိုဝေဖန်သလိုမျိုး၊ သုံး
သပ်တင်ပြတာမျိုးမလုပ်ကြဘူး။ ဖျောက်ထားကြတယ်။ မှေးမှိန်ထားကြတယ်။ကျနော့အမြင်
ကတော့ဒီပြည်ပမြန်မာမီဒီယာတွေထဲကဘင်္ဂလီတွေနဲ့ဘာသာတူသူတွေ ဟာလူမျိုးနဲ့ ဘာသာ
ကိုကွဲပြားနားလည်ပုံမရဘူးလို့မြင်ပါတယ်။အကယ်၍များအီရတ်လိုနိုင်ငံတခုကမြန်မာနိုင်ငံ
ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့မယ်ဆိုရင် ဒီလူတွေဘယ်ဘက်ကရပ်မလဲလို့ကျနော်တွေးနေမိပါ
တယ်။
ထိုင်းဘုရင့်ရေတပ်ကတော့ ဘင်္ဂလီတွေ လှေစီးခိုးဝင်လာလို့ ဖမ်းမိရင်အချုပ်ခန်းမပို့တော့ ဘူးထိုင်းမြေကို ခြေထောက်နဲ့တောင်အနင်းမခံဘူးတဲ့၊ သူတို့လာရာပင်လယ်ပြင်ထဲပြန်ပို့
လိုက်တယ်။ ဘင်္ဂလီတွေကို အချုပ်ခန်းထဲမှာထားရင် ဘာသာရေးအရ ဝတ်မပြုရဘူးအစား
အသောက်ကို ဟာလာမလုပ်ပဲကျွေးတယ် ဘာညာနဲ့ ပြည်ပမွတ်ဆလင်အဖွဲ့တွေကို ခဏ
ခဏတိုင်လို့၊ ဇယားရှုပ်လို့တဲ့ အဲဒီအချိန်က ပြည်ပနိုင်ငံအချို့က လူ့အခွင့်အရေးချိုးဖောက်
တယ် ဘာညာစွပ်စွဲတော့ထိုင်းရေတပ်ဗိုလ်ချုပ်ကြီးက စွပ်စွဲတဲ့နိုင်ငံက ဒီရိုဟင်ဂျာတွေကို လက်ခံမလားလက်ခံမယ်ဆိုရင် ကျနော်ကိုယ်တိုင် သင်္ဘောနဲ့တင်လာပြီး လာပို့ပေးလိုက်
မယ်လို့ ပြောလိုက်တာအကုန်အသံပိတ်သွားတယ်လို့ဆိုပါတယ်။ ဒီတုံးကလဲ မြန်မာ့ဂုဏ်
ဆောင် ပြည်ပမီဒီယာများကအကျယ်တဝင့်ထိုင်းအစိုးရကိုရက်စက်ကြောင်းဖွလိုက်ကြပါ
သေးတယ်။
ဒါထက်ပြည်ပမီဒီယာတွေကတာဝန်ရှိသူတချို့ဟာရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေနဲ့ပါတ်သက်
နေတာကတော့အဆိုးဆုံးပါဘဲ။ရခိုင်ပြည်နည်အရေးဟာ ဘာသာရေးအဓိကရုဏ်းတစ်ခုဖြစ်
သွားမယ်ဆိုရင် လောလောဆယ်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲ
မှုတွေနဲ့ နာမည်တက်လာနေတဲ့ကျနော်တို့နိုင်ငံဟာနာမည်ပျက်သွားမယ်၊ကမ္ဘာ့ယုံကြည်မှု
တွေလျော့ကျပြီးတိုင်းပြည်ဒုက္ခရောက်မယ်။ ဒီအခါတချို့သတင်းမီဒီယာတွေဟာပြည်ပမှာ
ဆက်လက် ရပ်တည်တည်ရှိဖို့အကြောင်းခိုင်မာလာမယ်။ ဒါကြောင့်များဒီလိုထင်ယောင်ထင်
မှားတွေထုပ်လွှင့်နေသလား၊ ရိုးသားမှုရှိရဲ့လားလို့မေခွန်းထုပ်စရာဖြစ်လာပါတော့တယ်
ခုတင်ထားတဲ့ပုံတွေမှာအစ္စလမ်ဘာသာဝင်လို့၊မူဆလင်တို့အစရှိသည်ဖြင့်သုံးနှုံးထားတာ
တွေကိုတွေ့ရမှာပါ။ဘာသဘောနဲ့ဒီလိုရေးနေတာလဲ။ အပေါ်မှာပြောသလို လူမျိုးနဲ့ဘာသာ
ကိုခွဲခြားမသိလို့လား။ သိသိနဲ့တမင် ဘာသာရေးအဓိကရုဏ်းဆီကိုရောက်အောင်တမင်
လုပ်နေကြတာလား။ အစ္စလမ်ဘာသာဝင်တွေမြန်မာပြည်အများကြီးရှိပါတယ်။ ခုဖျက်စီးနေ
တဲ့ဒီဘင်္ဂလီတွေထဲမှာကောဗုဒ္ဓဘာသာဝင်တွေ၊ခရစ်ယာန်ဘာသာဝင်တွေ၊ဟိန္ဒြင်္ူဘာသာ
ဝင်တွေရှိမနေနိုင်ဘူးလား။ ၈၈ မျိုးဆက်ကျောင်းသားတွေကတောင်မှ ရိုဟင်ဂျာအမည်ခံ
ဘင်္ဂလီတွေဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူးလို့တရာားဝင်ပြောပြီးပြီ။  အခုအရေးအ
ခင်းဟာ ဘင်္ဂလီတွေတွေမြန်မာမြေကိုကျူးကျော်ဝင်ရောက်ပြီး တဖြည်းဖြည်းအုပ်စုများလာ
တဲ့အခါ အုပ်စုနဲတဲ့ဆင်းရဲတဲ့မြန်မာ့တိုင်းရင်းသားရခိုင်လူမျိုးတွေကို နှိပ်စက်နေကြလို့ဖြစ်ရတဲ့
ဘာလို့မူဆလင်၊ မူဆလင်နဲ့တွင်တွင်သုံးပြီး ဘာသာရေးအဓိကရုဏ်းဆီဦးတည်ခိုင်းနေတာ
လဲ အိုဘယ့့် မီဒီယာတို့
သီရိဆောင်း
thirisaung.cp@gmail.com
 http://www.colourparliament.com/2012/06/blog-post.html
ဘကြီးသက်
Unknown at 1:41 AM
Share
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.