Monday, June 4, 2012

လက်ဝှေ့ကျော် မိုက်တိုင်ဆန် မြန်မာနိုင်ငံ သို့လာမည်




ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီ ယံဟောင်း မိုက်တိုင်ဆန်သည် သာသနာပြုရန် အတွက် မြန်မာနိုင်ငံသို့ လာရောက်ရန် ကြံရွယ်နေကြောင်း နိုင်ငံတကာ သတင်းဌာန အချို့မှ ထုတ်ပြန်သော သတင်းများအရ သိရ သည်။ ”ကျွန်တော့်ကိုယ် ကျွန်တော် လူရွှင်တော် တစ်ယောက်လို့ ခံစားနေ ရပါတယ်။ ကျွန်တော့် ရင်သွေးတွေ က ကျွန်တော့် အပေါ် လေးစားကြ အောင်လည်း မွန်မြတ်တဲ့အလုပ် တွေကို ကျွန်တော် လုပ်ချင်နေပါ တယ်။ မြန်မာနိုင်ငံမှာ တဲလေးတစ် လုံးနဲ့လည်းနေချင်တယ်”ဟု မိုက် တိုင်ဆန် က ပြောသည်။ ”မွန်မြတ်တဲ့ လုပ်ရပ်တွေ လုပ် တဲ့သူတွေအထဲမှာ ကျွန်တော့် နာမည် ပါချင်သေးတယ်ဗျာ။ ဘာသာရေး အလုပ်ရယ်မှ မဟုတ်ပါဘူး။ ဂုဏ်သိက္ခာ ရှိတဲ့သူတွေ စာရင်းမှာ ပါချင်တာပါ” ဟုသူက Sports Illustrated မဂ္ဂဇင်းသို့ပြောသည်။ မိုက်တိုင်ဆန်သည် သူ့ အသက် ၂ဝ အရွယ်တွင် ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ တစ် ယောက်ဖြစ်လာ ခဲ့ခြင်းကြောင့် ကမ္ဘာ့ လက်ဝှေ့ကောင်စီ၊ ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ်တို့က အသက် အငယ်ဆုံး ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟု သတ်မှတ်ခဲ့ကြသည်။ သူသည် လက်ဝှေ့လောက အတွင်း သို့ အသက် ၁၅ နှစ်အရွယ်တွင် စတင် ဝင်ရောက် ခဲ့သူဖြစ်၏။ လက် ဝှေ့လောကဝယ် ‘သံမဏိမိုက်’၊ ‘နွားသိုးလေး’၊ ‘ဒိုင်းနမိုက် ချာတိတ်’ စသည်ဖြင့် နာမည် ကျော်ကြားခဲ့ သည်။ သူသည် သရုပ်ဆောင် ရော်ဘင်ဂျီဗင်စ် နှင့် ၁၉၈ဝ ခုနှစ်နှောင်း ပိုင်းတွင် လက်ထပ်ခဲ့ပြီး နှိပ်စက်ညှင်း ပန်းခဲ့သည်ဟု နာမည်ကျော်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ်ဝယ် အလှ မယ် ဒက်စရီး ဝါရှင်တန်ကို မတရား ကျင့်ခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် လက်ဝှေ့ ကျော် အီဗန်ဒါ ဟိုလီဖီးနှင့် လက်ဝှေ့ ထိုးရင်း ဟိုလီဖီး၏ နားရွက်ကို ကိုက် ဖြတ်ခဲ့သည်။ သူ့ဘဝ တစ်လျှောက်ဝယ် ဝင် ငွေ ကန်ဒေါ်လာ သန်း ၂၃ဝ ထက် မနည်းရရှိခဲ့သော်ငြား ၂ဝဝ၃ ခုနှစ် တွင် ကြွေးများ ပိကာ ဒေဝါလီခံခဲ့ ရပြန်သည်။
သူ၏ တတိယဇနီးဖြစ်သူ ‘ကီကီ’က သူ့ကို လူကောင်းတစ်ယောက် ဖြစ်လာစေရန် ပြုပြင်ခဲ့ ကြောင်း မိုက်တိုင်ဆန်က ပြော သည်။ ”ကျွန်တော့်ဘဝ ကျန်းမာ ပျော်ရွှင်အောင်၊ တခြားသူတွေက ချစ်ခင်လာအောင် နေထိုင်ဖို့ ကီကီက ပြုပြင်ပေးခဲ့တယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ ကျွန် တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာတွေ အကောင်းဆုံးဖြစ်လာ အောင် သူလုပ်ပေးခဲ့တာပါပဲ။ သူ့ နေရာမှာသာ တခြားတစ်ယောက် ယောက်ဆိုရင် ကျွန်တော့်ကြောင့် သေနိုင်လောက် တယ်”ဟု မိုက်တိုင် ဆန်က ပြောပါသည်။ မိုက်တိုင်ဆန်အား နယူး ယောက်မြို့တွင် ၁၉၆၆ ခုနှစ် ဇွန်လ ၃ဝ ရက်က မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ယခုဆိုလျှင် အသက် ၄၄ နှစ်ကျော် နေပေပြီ။



ဘကြီးသက်
Unknown at 9:53 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.