Friday, June 22, 2012

ဂျပန်အလုပ်ရှင်၏ လှောင်ပြောင် မှုကြောင့် အလုပ်သမားများ ပြန်လည်ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ) ။       ။ စက်ရုံအလုပ်သမားအပေါ် လူ့ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသည့် ဂျပန်လုပ်ငန်းရှင်၏
ပြောစကားနှင့် ခနဲ့သည့် အပြုအမူများကြောင့် ပြေလည်နိုင်ဖွယ်ရှိသည့် မင်္ဂလာဒုံ စက်မှုဇုန် ၁ မှ FAMOSO အထည်ချုပ်စက်ရုံ အလုပ်သမားများ၏အရေး နှောင့်နှေးသွားရပြီး ဆက်လက် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ၁၂ ရက်ကြာ အခြေခံလစာ တိုးပေးရေးအတွက် ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ အား နေပြည်တော် အလုပ်သမား ညှိနှိုင်းရေအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်းခွင်သို့ ကြာသပတေး နံနက်က ပြန်လည် ဝင်ရောက်ခဲ့ကြသည့် အလုပ်သမားများအား စက်ရုံပိုင်ရှင်က မချေမငံ လှောင်ပြောင် ပြောဆိုသည့် အတွက် ပြန်လည် ဆန္ဒပြနေရခြင်းဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးက ပြောသည်။

“ဒီနေ့မနက် သမီးတို့က တိုင်ပင်ပြီးမှ အလုပ်ဝင်မယ်ပေါ့နော်။ ဝင်မယ်လို့လုပ်တဲ့ အချိန်မှာ မနက် ၇ နာရီခွဲပေါ့။ သူဌေး က ရယ်ပြီးတော့ နာရီကြည့်ပြီး နာရီဝက် နောက်ကျနေပြီ၊ နင်တို့ကို သနားလို့ ပေးဝင်တာတဲ့။ လှောင်တာပေါ့။ အဲလိုပြောလိုက်လို့ ကလေးတွေက တယောက်မှ မဝင်ဘူးဆိုပြီး အကုန် အပြင်ပြန်ထွက်သွားတာ။ သူဌေးက ဂျပန်လူမျိုး။ မြန်မာစကား တတ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

FAMOSO စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး စက်ရုံအပြင်တွင် ဆန္ဒပြနေသူ ၄၇၇ ဦးရှိကြောင်း အလုပ်သမား ကိုယ်စားလှယ်က ပြောသည်။

ဇွန် ၈ ရက်နေ့တွင် အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် အလုပ်သမားဌာနမှ ညွန်/မှူး ဦးဝင်းရှိန်က အမြင့်ဆုံး လုပ်ခ ၈ သောင်းကျော်၊ ဒုတိယအဆင့် ၇ သောင်းကျော် နှင့် အနိမ့်ဆုံး ၆ သောင်းကျော်ထိ တိုးမြှင့်ပေးရန် ညှိနှိုင်းပေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှ သဘောမတူသဖြင့် ခုံသမာဓိအဖွဲ့သို့ တင်ပြထားပြီး အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။

ဇွန်လ ၂ဝ ရက်နေ့တွင် နေပြည်တော် အလုပ်သမားညှိနှိုင်းရေအဖွဲ့မှ ဦးသက်နိုင်ဦး ဝင်ရောက် ညှိနှိုင်းခြင်းကြောင့် အလုပ်သမားများ မကျေနပ်သည့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းစေကာ အလုပ်သမားများက အလုပ်ခွင် ပြန်လည်ဝင်ရောက်လာကြသော်လည်း အလုပ်ရှင် မစ္စတာ နာတာရှီးမား၏ မချေမငံ အပြုအမူများကြောင့် ဆက်လက်ဆန္ဒကြခြင်း ဖြစ်သည်။

မူလ တောင်းဆိုထားသည့် လစာတိုးရေးကိစ္စ ပြေလည်မှုမရရှိပါက ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပြီး အထက် ဌာနများသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင် မစန်းစန်းနွယ် က ပြောသည်။

“ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမကျရင် ကျမတို့ နေပြည်တော်အထိ တက်ဖို့ ရှိပါတယ်။ ဝါဏိဇ္ဇပဋိပက္ခ တက်မှာ။ ဆန္ဒပြနေတုန်းပဲ။ ၈၈ မျိုးဆက် ကျောင်းသားတွေကိုပဲ အကြံဉာဏ် တောင်းရမှာပါ။ ကျမတို့က သိပ်နားမလည်ဘူး။ လစာ၊ ရှားပါးစားရိတ်၊ ထုတ်လုပ်မှု အပိုဆုကြေး အဲဒါပဲ တောင်းထားတယ်” ဟု မဇ္ဈိမကို
ပြောသည်။

FAMOSO စက်ရုံအလုပ်သမား ကိုယ်စားလှယ်အဖွဲ့ကို သက်ဆိုင်ရာ စက်ရုံတွင်း လုပ်ငန်းကဏ္ဍအလိုက် ခေါင်းဆောင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းခေါင်းဆောင်များမှာ လုပ်ငန်းခွင်းအတွင်း ပြန်လည် ဝင်ရောက်ခြင်း မရှိသေးဘဲ ဆန္ဒပြအလုပ်သမားများအရေး ပြင်ပမှ လုပ်ကိုင်နေကြကြောင်း သိရသည်။

နေမျိုး 
(မဇ္ဈိမ)
ဘကြီးသက်
Unknown at 2:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.