Sunday, June 10, 2012

(၁၀၊ ၀၆၊ ၁၀၁၂) ရက်နေ့ ရခိုင်ပြည်နယ် မှ မွတ်ဆလင် အကြမ်းဖက်မှု နောက်ဆုံးရ သတင်းများ




From : Hmuu Zaw

ယနေ့ည၈ နာရီတိတိတွင်နိုင်ငံတော်သမ္မတကြီး ရုပ်မြင်သံကြားမှတစ်ဆင့်ပြည်သူလူထုသို့ မိန့်ခွန်းပြောပါမည်။

ဇွန်လ ၁၀ ရက်နေ့ ၁၅၁၅ နာရီချိန်မှစ၍ စစ်တွေလေယာဉ်ကွင်း၊ စစ်တွေရထားလမ်း (၂၀)မိုင် တောက်လျှောက်အား တပ်မတော်မှ တပ်ရင်းများနှင့် လုံခြုံရေး ဆောင်ရွက်နေ ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

င်္From : Yangon Media Group

စစ်တွေမြို့ကဲ့သို့ပင်လျှင် သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူမြို့တို့တွင်လည်း ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဇွန်၉ရက် ညပိုင်းအထိ မောင် တောတွင် ရိုဟင်ဂျာဘက်မှ အာပီ ဂျေဖြင့်ပစ်ခတ်ခဲ့ကြောင်းနှင့် ညပိုင်းအထိ သေနတ် အလက် ၈၀ကျော် အစိုးရကရှာဖွေ ဖမ်းမိထားသည်ဟု သတင်းရရှိပါသည်။

စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားများနဲ့ ဘင်္ဂလီ- ရိုဟင်ဂျာများရဲ့ အခြေအနေ တင်းမာလျက်ရှိပြီး၊ ယနေ့နံနက် မင်းဂံရပ်ကွက် ၁၀ တွင် ဘင်္ဂလီများ၏ နေအိမ်များကို ရခိုင်လူမျိုးများက တန်ပြန် မီးရှို့ခြင်းကြောင့် ၄င်းတို့ဘက်မှ ရခိုင်တိုင်းရင်းသားတဦးအား ဖမ်းဆီးပြီး သတ်ပစ်လိုက်ကြောင်း မြစ်မခ သတင်းထောက်မှ သတင်းပေးပို့သည်။
From : May Thingyan Hein

စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ
--------------------------------------------------------------------
ဆူပူများပိုများလာနေသည့် အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး
အလွန်စိုးရိမ်နေရကြောင်းသိရ သည်။

“ဒီမှာက လုံခြုံရေး အရမ်းကို အရေးကြီးနေပါတယ်၊ ဘင်္ဂလီတွေ
နေတဲ့ရပ်ကွက်တွေမှာရှိတဲ့ ရခိုင်တွေဆိုရင် ထွက်ပြေးလာကြတယ်၊အခု
မင်းဂံရပ်ကွက်တို့၊စက်ရုံစု ရပ်ကွက်တို့ဟာ လုံခြုံရေးအရ
အရမ်းကိုစိုးရိမ်နေရပါ တယ်၊ ဒီကလူတွေ ကင်းလှည့်နေကြတာ ၄ရက်ရှိသွားပြီ၊ညလဲ မအိပ်ရဘူး၊ သက်ဆိုင်ရာကလဲ ကင်းလှည့် ထားပါတယ်၊ဒါပေမယ့် ဘင်္ဂလီတွေက ရဲတွေကိုမကြောက်ဘူး၊ ဟုမင်းဂံရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“ ဒီပြဿာနာက တော်တော်လေးကိုပြင်းထန်လာတယ်၊ မနေ့က ဘင်္ဂလီတွေဟာရခိုင်အိမ်တွေကိုမီးရှီုးဖျက်ဆီးဖို့အတွက် ချီတက်လာကြတယ်၊
ကျနော်တို့ဘက်ကလဲပြည်သူအင်အားတွေ ဖြည့်ထားတယ်၊ ဒုက္ခသည်တွေ အတွက်လည်းကျနော်တို့ကူညီထောက်ပံ့တာတွေလုပ်နေပါတယ်၊အခု မင်းဂံရပ်ကွက် ဓမ္မာရုံမှာဒုက္ခသည်တွေ အတွက်စားရေးသောက်ရေးကိုစီစဉ်ထားပါတယ်၊”ဟု
မင်းဂံရပ်ကွက်မှကိုနိုင်စိုးကပြောသည်။

လက်ရှိတွင် စစ်တွေမြို့၌ ဆိုင်ခန်းများ အားလုံးပစ်ထားရသလို
ညနေဘက်တွင်လည်း ဆူပူမှုဖြစ်လာမည့် အနေအထားရှိကြောင်းဒေသခံများကပြောသည်။

“ညဆိုရင် ဘင်္ဂလီတွေက ရခိုင်အိမ်တွေကို ၀င်စီးမယ့် အနေအထားရှိတယ်၊ အခုမင်းဂံရပ်ကွက်ဆိုရင် မီးခိုးတွေ တစ်ထောင်းထောင်းနဲ့၊
ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူးဗျာ၊ ကျနော်တို့်အတွက် တကယ့်ကိုရင်လေးစရာဘဲ၊ ဒဏ်ရာရတဲ့ ရခိုင်တွေလဲ မနည်းတော့ဘူး၊ အခုဈေးတွေလဲပစ် အလုပ်တွေလဲရပ်ထားရတာ ၃ရက်ရှိသွားပြီ မရှိဆင်းရဲသားတွေအတွက်တော်တော်လေးကိုဆိုးနေပါပြီဒါကိုသက်ဆိုင်ရာက အမြန်ဖြေရှင်းစေချင်တယ်ဗျာ၊”
ဟု ဒေသခံကိုဆန်းဝေ ကပြောသည်။

“ဒီရပ်ကွက်တွေမှာ အများစုက ပိုက်လုပ်တဲ့ ဘင်္ဂါလီတွေ နေကြတာပါ။ သူတို့အိမ် သူတို့မီး ရှို့တာကို ရခိုင်တွေ က မီးရှို့တဲ့ ပုံစံဖြစ်အောင် ကြိုတင်စီစဉ်ပြီး အကွက်ကျကျ လုပ်ဆောင်လိုက်ကြတာပါ။ မြစ်နားတန်းက စ လောင်ပါတယ်။ သူတို့ အိမ်တွေက အခိုင်အခန့်ကြီးတွေတော့ မဟုတ်ဘူး။ ရခိုင် အိမ်တွေလည်း ပါသွားပါတယ်” ဟု တရားသီစု ရပ်ကွက်နေသူ တဦးက ပြောသည်

မလေးရှား NLD မှ လက်နက်များ စုဆောင်းရန် နိုးစော်သည့် ဗွီဒီယို ထွက်ပေါ်လာ

From : YPI

အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးသည် စစ်တွေမြို့မင်းဂံရပ်ကွက်ဘက်မှ မြို့ထဲသို့ ၀င်ရောက်လာမည့် အန္တရာယ်ကြုံတွေ့နေရပြီးနောက် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် လုံထိန်းရဲတပ်ဖွဲ့အား ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် သတိပေးနေကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။

ရထားသံလမ်းတလျှောက် မြို့ထဲဘက်သို့ ဦးတည်လာနေသည့် လူစုလူဝေးကို လုံထိန်းရဲများက တားဆီးထားလျှက်ရှိပြီး ရှေ့ဆက်တက်လာပါက ပစ်ခတ်ရမည်ဟု သတိပေးလျှက်ရှိသည်ဟု ဆိုသည်။

လုံထိန်းရဲတပ်ဖွဲ့ဝင်များကို စစ်တွေမြို့ခံ ရခိုင်အမျိုးသားများက အကူအညီပေးနေသည်ဟုလည်း သိရသည်။

စစ်တွေမြို့၊ ပင်လယ်နှင့်နီးသည့် မြို့သူကြီးရပ်ကွက်တွင် ဘင်္ဂါလီလူမျိုး နှစ်ဦးက မိမိနေအိမ်များကို မီးဖြင့်ရှို့ကာ ပင်လယ်အတွင်းသို့ လှေဖြင့် ထွက်ပြေးရာ မြို့ခံများက လှေများဖြင့်လိုက်လံဖမ်းဆီးခဲ့ကြောင်း စစ်တွေမြို့ ရှိ 7Day News သတင်းထောက်က ပေးပို့သည်။
From : Eleven Media Group

ညနေ ၃ နာရီ ၄၀ မိနစ် အချိန်က စစ်တွေမြို့တောင်ဘက်တွင် ရှိနေသော စစ်တွေဟိုတယ်အနီးမှ စံပြရွာကို ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့မှုကြောင့် အိမ်ခြေ တစ်ရာခန့်ရှိသော စံပြရွာရှိ အိမ်အများစုမှာ မီးလောက်ကျွမ်းခဲ့ကြောင်း သိရပါသည်။ စံပြရွာသည် စစ်တွေဟိုတယ်နှင့် ပေ ၁၀၀၀ ခန့် အကွာတွင် တည်ရှိပါသည်။
From : Yan Aung
ယနေ့အချိန်မှာ ဘာ့ကြောင့်ဖြစ်သလဲ၊ ဘယ့်သူ့ကကြံစည်တယ် ဆိုတဲ့ ..ဆိုတဲ့ရင်းမြစ်ကို လိုက်ရှာဖော်ထုတ်နေတာနဲ့ ဒီကိစ္စကြီးက ရပ်သွားမယ်.. ။ ဘင်္ဂလီတွေ ချက်ချင်း ဘင်္ဂလားပြန်သွားမယ်ဆိုရင် ဆက်ရေးကြပါခင်ဗျား...။

၁၉၉၂ စစ်အစိုးရလက်ထက်မှာ ဘင်္ဂလီကိစ္စကို UNHCR နဲ့ နိုင်ငံတကာ မီဒီယာတွေသိအောင် စာတမ်းပြုစုပြီး သမိုင်းလိမ်ပေးခဲ့တဲ့ လက်သည်တရားခံဘယ်သူလဲဆိုတဲ့ ရင်းမြစ်ကို ယခု ရိုဟင်ဂျာဘင်္ဂလီအရေးမှာ နှာစးနေတဲ့ ပြည်ပနေ ၈၈ ကျောင်းသားဟောင်း လုပ်စားဆိုသူများနဲ့ ABSDF အပါအ၀င် ပြည်ပကနိုင်ငံရေးအဖွဲ့အစည်းများမှ ကျောင်းသားခေါင်းဆောင်ဟောင်းများ ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရဲပါသလား..။

ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်ကုန်ပါလိမ့်မယ်... ဒီအချိန်မှာ အစိုးရက အကွက်ကျကျ ကြံစည်ခဲ့တယ်ဆိုရင်တောင် ခင်ဗျားတို့ ပြည်ပကနေ မီဒီယာအားကိုးနဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးကို ပြတ်ပြတ်သားသား မလုပ်ခဲ့ကြပဲ ရိုဟင်ဂျာကို ကမ္ဘာ့သိအောင်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကို တင်ပေးခဲ့တဲ့ အကျိုးဆက်ဆိုတာကို ပြည်ပမှာ အခြေစိုက်ပြီး နှာစေးနေတဲ့..အုပ်စုတွေ နားလည်ပါ..။

ဘယ်သူက ကြံစည်တာပဲဖြစ်ဖြစ် ဖြစ်လာတဲ့လက်ရှိအခြေအနေကို ချက်ချင်းတုန့်ပြန်ပြီး တိုင်းရင်းသားတွေဘက်က ရပ်တည်ခဲ့တဲ့ ပြည်တွင်းပြည်ပက တကယ်အနစ်နာခံခဲ့ကြတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေ၊ မီဒီယာတွေအားလုံးကို ရခိုင်တိုင်းရင်းသားတွေနဲ့ ပြည်သူက လှိုက်လှိုက်လှဲလှဲ လေးစားပြီးသားပါ..။
From : Hmuu Zaw

မိတ်တွေများခင်ဗျား-

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ဖြစ်စဉ်များမှာ မင်းမဲ့စရိုက် ဆန်ဆန် ဆူပူအုံကြွမှုများ ဖြစ်ပါသည်။ လက်ရှိ နိုင်ငံတော်မှ ဆောင်ရွက်နေသည်မှာ အရာရာ Rule of Law အတိုင်း ဖြစ်စေရန်သာ ဖြစ်ပါသည်။ Rule of Law ခိုင်မာကောင်းမွန်ရေး သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကတာဝန် ဖြစ်သည်မှာ မှန်ပါသည်။

သို့သော် ပြည်သူများအပေါ် ဦးဆောင် မှုပေးနိုင်သော နိုင်ငံရေး ပါတီများ၊ ပြည်သူများက ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များ၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးတွင် အဓိကကျသော Civil Society များ၊ ပြည်သူများ၏ အသိအမြင်ကို မျက်စေ့ဖွင့်ပေးသော စတုတ္ထမဏ္ဍိုင် မီဒီယာများ စသည်တို့အားလုံးကလည်း ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးမှသာ ခိုင်မာသော Rule of Law ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေများနှင့်ပတ်သက်၍ မီဒီယာအမျိုးမျိုးတွင် သတင်းအဖုံဖုံ ပေါ်ထွက်နေသော်လည်း ကောလဟာလနှင့် သတင်းမှန်များ ခွဲခြားသိမြင်နိုင်ရန်လည်း အရေးကြီးပါသည်။ အဆိုပါ ဒေသအတွင်း နိုင်ငံတော် အုပ်ချုပ်ရေးဘက်မှ Rule of Law အတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မည်သည့်ဘက်မှဖြစ်စေ ဥပဒေချိုးဖောက် ကျော်လွန်လာသော မင်းမဲ့စရိုက်ကို ကိုယ်စားပြုသော ဆူပူ အကြမ်းဘက်မှုများ ဆောင်ရွက်လာပါက ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

လက်ရှိအချိန်အခါတွင် နိုင်ငံတကာ သတင်းမီဒီယာများ၌ မိမိတို့နိုင်ငံ၏ အခြေအနေများကို ဖော်ပြရာတွင် တစ်နိုင်ငံလုံး ပွက်ပွက်ဆူတော့မည့် အလားအလာများ ထည့်သွင်း ဖော်ပြနေကြသည်များလည်း တွေ့ရှိရပါသည်။

လူနည်းစု၏ အမှားလုပ်ဆောင်ချက်များမှသည် လူများစု၏ အမှားလုပ်ဆောင် ချက်များ အဖြစ်သို့ ကူးပြောင်းရောက်ရှိ မသွားစေရန် သတိရှိကြရန် လိုပါသည်။

မိမိတို့နှင့် နီးစပ်ရာ နီးစပ်ရာ အသိုင်းအ၀ိုင်းများအတွင်း လက်စားချေခြင်း ကင်းသော၊ ဥပဒေနှင့်အညီ ဖြစ်စေသော ပံ့ပိုးကူညီမှုများဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါသည်။

သို့ပါ၍ ညီအစ်ကို၊ မောင်နှမများအနေဖြင့် အချင်းချင်း အပြန်အလှန် နားလည်မှုရှိစွာဖြင့် Rule of Law ကို ၀ိုင်းဝန်းဖော်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ အစိုးရအနေဖြင့် Rule of Law ဖော်ဆောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပြဿနာများနှင့်ပတ်သက်၍ ဖြစ်စဉ်များမှာ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေမဲ့လုပ်ရပ်များဖြစ်သဖြင့် မိမိပါအ၀င် ပါတီကပါ ဆန့်ကျင်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဇွန်လ(၁၀)ရက် မွန်းလွဲ လေးနာရီခန့်က ပြောသည်။
From : ဦးဌေးဦး
"ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေပျက်စီးဆုံးရှုံးကြတာကို ဘယ်သူကမှ မဖြစ်စေချင်ကြပါဘူး။ အခုဖြစ်နေတာတွေကိုလဲ ကျွန်တော်တို့အားလုံးက ဆန့်ကျင်ပါတယ်"ဟု ဦးဌေးဦးကပြောသည်။

အစိုးရအနေဖြင့် ဖြစ်ပေါ်နေသော ဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သတင်းများထုတ်ပြန်ပေးရန်လိုအပ်မည်ဟု တာဝန်ရှိသူများအား တိုက်တွန်းထားကြောင်းကိုလည်း သူကထပ်လောင်းပြောကြားသည်။

"အခုဖြစ်နေတဲ့ဖြစ်စဉ်တွေက ထပ်ဆင့်ဖြစ်နေတာတွေပါပဲ။ ဒါက လှုံ့ဆော်မှုတွေကြောင့်လည်းဖြစ်နိုင်တယ်။ အမြန်ဆုံးထိန်းသိမ်းကြဖို့လိုနေပါပြီ"ဟု ဦးဌေးဦးကပြောသည်။

Myanmar Express

ဘကြီးသက်
Unknown at 8:53 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.