Sunday, June 3, 2012

သမ္မတကြီး ယူတိန်ရှိန်နဲ့ သူ့ရဲ့ အကြံအဖန်ပေး ကိုကိုလိမ်





မြန်မာနိုင်ငံက သမ္မတအကြောင်းကို နိုင်ငံတကာ သတင်းမီဒီယာတွေက ပြောပြီဆိုရင် ယူတိန်ရှိန်၊ ယူတိန်ရှိန်နဲ့ ပြောပါလေရောလား။
          တစ်ချို့ဗမာပြည်က ဘိလပ်စကားတတ်တဲ့သူတွေက ဘိလပ်လိုရေးတဲ့ U ကို ဦးလို့မထွက်ဘဲ ယူလို့ထွက်လို့ ယူတိန်ရှိန်ဖြစ်နေတာပါတဲ့။
          ဒီဘိလပ်ရည်စကားတတ်တဲ့သူတွေ ဘူးယို၊ ဘိုရူးရူးပြီးလျှောက်ပြောနေတာ။ တကယ်တော့ နိုင်ငံတကာ မီဒီယာကြီးတွေက ဘယ်မှားလိမ့်မလဲ။ သူတို့လည်း နံပါတ်ဖိုးမဏ္ဍိုင်ကြီးတွေပဲဥစ္စာ။
          သူတို့က အမျှော်အမြှင်ကြီးကြီးနဲ့ စီလုပ်သံပေါက်အောင် တစ်ခါတည်းခေါ်ထားတာ။ ဘာသိလို့လဲ။
          နောက်ဆို ၀တို့နိုင်ငံကီးလည်း ပြည်ထောင်စု စမ္မတ စီလုပ်မြီမာနိုင်ငံလော်ကြီး ဖြိလာမှာလေ။
          ဒါ့ကြောင့် နိုင်ငံတကာ နံပါတ်ဖိုးမဏ္ဍိုင်တွေက ကြိုပြီးနာမည်ပြောင်းပေးထားတာ။
          ဒါ့ကြောင့် ယူတိန်ရှိန်ကြီး သမ္မတ ဖြစ်လာပြီးတော့
နံပါတ် ဖိုး မဏ္ဍိုင်တွေရဲ့ ကျေးဇူးတော်ကြောင့် အော့နှလုံးနာစရာ သတင်းက ထပ်ကြားရပြန်ပါရောလား။
မရမ်းသီးကပေးတဲ့ နံပါတ် ၁ ဆိုပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော် (အဲလေယောင်လို့ တရားစွဲခံနေရပါဦးမယ်) ကိုယ်ဘာသာကိုယ်ပြောပြောနေတဲ့ ဆယ့်တစ်မီဒီယာကြီးရဲ့ စောက်ခွက်စာအုပ်ကြီးမှာ ဒီမနက် ဖတ်လိုက်ရတဲ့ သတင်းကတော့ နိုင်ငံရှော် သမ္မတကြီး ယူတိန်ရှိန် (နိုင်ငံတကာ သတင်းမီဒီယာများပြောသည့်အသံထွက်) ရဲ့ အကြံအဖန်ပေးဆိုလား ဘာဆိုလား ကိုကိုလိမ်ရဲ့စကားပါ။
သမ္မတကြီးရဲ့ အကြံအဖန်ပေး ကိုကိုလိမ်ကပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့လို့ ပြောတဲ့ ပြင်သစ်ဘုရင် လူဝီ ဆယ့်ခြောက်ရဲ့ မိဖုရားကို အားကျလေသလားမသိ။
“လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းနေပေါ့တဲ့”
စမ္မတကီး ယူတိန်ရှိန်ရဲ့ အကြံအဖန်ပေး ကိုကိုလိမ်ဆိုတာကလည်း နယ်နယ်ရရမှ မဟုတ်တာ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမ်အာတီဗီဖိုးတွမ်တီးမှာ မျောက်မျက်နှာဆိုတဲ့ အယ်ဒီတာချုပ်ကြီးနဲ့ မမောနိုင်မပမ်းနိုင် ဖောဖောနေတဲ့သူကြီးလေ။ ဒါတင်ဘယ်က ဦးမလဲ တစ်ခုခုဆိုရင် ၀ိုင်းဝိုင်းကိုက်တတ်တဲ့ နံပါတ်ဖိုးမဏ္ဍိုင် အသင်းကြီး ဘာတဲ့ မြန်မာနိုင်ငံ ပုလင်းထောင်ဆရာများအသင်းဆိုလား အဲဒီမှာလည်း သူက နာယက ဆိုပဲ။
ဒါ့ကြောင့်များ ပုလင်းသမားတွေက နာယကကြီး သမ္မတ အကြံအဖန်ပေး ကိုကိုလိမ်ပေးတဲ့ အကြံတွေနဲ့ အဖွဲ့ရှုပ်ကို မကြေနပ်ကြောင်း ကြေညာချက်ထုတ်လေသလား။

ဘကြီးသက်
Unknown at 2:18 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.