Saturday, June 2, 2012

အိန္ဒိယအကူအညီဖြင့် အိုင်တီတက္ကသိုလ်တစ်ခု မန်းတွင်ဖွင့်မည်




လာမည့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် Information Technology University တစ်ခုမန္တလေးမြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ မန္တလေးမြို့ရှိ လက်ရှိစွယ်တော်ဘုရားအနီး ဖွင့်လှစ်ထားရာမှ စစ်ကိုင်းသို့ ပြောင်းရွှေ့သွားသည့် တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နေရာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်ကို သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားသူ ပညာရှင်များအပါအဝင်၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး မြန်မာနိုင်ငံမှ ဆရာများက ကောင်းစွာ သင်ကြားပေးနိုင်သည့် အချိန်တွင်တက္ကသိုလ်အား အပြီးလွှဲပြောင်းရယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏အကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ အလားတူ တောင်ကိုရီးယားနိုင်ငံရှိ Korea Development Institute( KDI) ကဲ့သို့ Myanmar Development Institute တစ်ခုကိုလည်း တောင်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အင်စတီကျုဒ် တည်ထောင်ခြင်းသည် နိုင်ငံအတွက် လိုအပ်နေသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရန်လိုအပ်နေသော သင်ကြားရေး အစီအစဉ် မြှင့်တင်မှုပင်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ပြောသည်။ ဦးကိုကိုလှိုင်က ရန်ကုန်မြို့ ချင်းတွင်းလမ်းရှိ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံး၌ ကျင်းပသည့် မီဒီယာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 
 Myanmar Express
Unknown at 7:23 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.