ရုရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ယူအီးအက်ဖ်အေက အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ဒဏ်ရိုက်လိုက်ကြောင်း သိရှိရသည်။ ယူရို ၂၀၁၂ အဖွဲ့ပွဲစဉ်အဖြစ် ဇွန် ၈ ရက်က ရုရှားနှင့် ချက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ရုရှားက ၄-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ရုရှားပရိသတ်များက ဘောလုံးကစားကွင်း တာဝန်ရှိဝန်ထမ်းများကို တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါဖြစ်ရပ်နှင့်တွင် ရုရှားဘောလုံးအဖွဲ့ချုပ် အနေဖြင့် စီမံခန့်ခွဲမှု ပေါ့လျော့မှားယွင်းကြောင်း ဆုံးဖြတ်၍ ယူအီးအက်ဖ်အေက ဒဏ်ရိုက်ခြင်းဖြစ်သည်။
အလားတူပင် ထိုနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အတွင်း ရုရှားပရိသတ်အချို့က ချက်အသင်း ကစားသမားတစ်ဦးအား လူမျိုးရေးခွဲခြား လှောင်ပြောင်ခဲ့သည့် ဖြစ်ရပ်ကိုလည်း ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
Myanmar Express

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge