Sunday, June 10, 2012

အန်တီစု ရဲ့ ရခိုင်နှင့်ပတ်သက်သော ရွှေပြည်အေးတရား

ရခိုင်မှာ ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်နေပါတယ်။ ရိုဟင်ဂျာ တွေရဲ့ အကြမ်းဖက်သောင်းကျန်းမှုကြောင့် ပါ။ မြန်မာပြည်သူတွေက ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်၊ မြန်မာ့မြေပေါ် မှ မောင်းထုတ်ပစ် ဖို့   ပြောဆိုနေကြတဲ့ အချိန်မှာ ဒေါ်စုက ခုချိန်ထိ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်မှန်း ဖွင့်မပြောရဲသေး။ NLD မှ ဦးတင်ဦး၊ ၈၈ မှ ကိုကိုကြီးတို့ ကိုယ်တိုင် ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်မှန်း ပြောဆိုနေချိန် ဒေါ်စု တစ်ယောက်က အင်တင်တင်လုပ်နေဆဲ။ 

ခုလည်းကြည့် ရခိုင်တွင် ရိုဟင်ဂျာတို့၏ အကြမ်းဖက် ဆူပူ မီးရှို့နေမှုများကြောင့် ရခိုင်တိုင်းရင်းသားများမှာ မိမိအိမ်တွင် မနေရဲ။ ကယ်ဆယ်ရေးစခန်းများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။ ဒေါ်စုတစ်ယောက်ကတော့ ခုချိန်ထိ မေတ္တာရပ်ခံ၍ ရွှေပြည်အေး တရား ဟောလို့ ကောင်းတုန်းပင်။ အမှန်ဆို ယခုအချိန်တွင် ဒေါ်စုကိုယ်တိုင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်မှန်း ရဲရဲကြီး ပြောဆိုသင့်သည်။ NLD သည် ပြည်သူ့ဖက်တွင် မရှိခဲ့။ ရရှိထားသော ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ကြီးကို အားနာ၍ ပဲလား။ နိုင်ငံတကာမှ ပြောဆိုမှာကိုကြောက်၍ ပဲလား မသိ ဒေါ်စုမှာ မြန်မာပြည်သူ အတွက် ပြတ်ပြတ်သားသားမရှိ။ NLD ကို ယုံကြည်၍ မဲထည့်ခဲ့သူတွေပင် ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်စု၏ မပွင့်လင်းမှု၊ နှမ်းဖြူးတတ်မှု၊ ရွှေပြည်အေးတရားသာ ဟောတတ်မှု အပေါ် စိတ်ကုန်နေကြသည်။ စိတ်ပျက်နေကြသည်။ ထို့ကြောင့် ပင် NLD ၏ ကြေညာချက်နှင့် ပတ်သက်၍ သရော်စာများပင် ထွက်ပေါ်လာခဲ့သည်။ ပြည်သူများသည်လည်း မည်သူကအလုပ်တကယ်လုပ်သည်။ မည်သူက နှမ်းဖြူးတတ်သည်ကို ဖြစ်ပေါ်လုပ်ဆောင်နေသော အဖြစ်အပျက်လုပ်ရပ်များပေါ် မူတည်၍ မှန်မှန်ကန်ကန် ခွဲခြားနိုင်ဖို့ လိုကြောင်း ရွှေမြန်မာမှ တင်ပြလိုက်ရပေသည်။

ရိုဟင်ဂျာတွေ သောင်းကျန်းနေသည့်တိုင် ဒေါ်စု၏ ရွှေပြည်အေးတရား

ရွှေပြည်အေးအတွက် သရော်ချက်

Golden Myanmar News

ဘကြီးသက်
Unknown at 9:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.