Friday, June 22, 2012

တစ်ဖက်နိုင်ငံမှ လိုင်စင်မဲ့ စားသုံးဆီများ အများပြည်သူ စားသုံးရန် မသင့်လျော်ကြောင်း သတိပေးနှိုးဆော်



မြန်မာနိုင်ငံအတွင်း တင်သွင်းလာသည့် စာအုန်းဆီများကို နမူနာဓါတ်ခွဲစမ်းသပ် စစ်ဆေးပြီး ပြည်သူလူထု စားသုံးရန် သင့်တော်ကြောင်း ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက် ရရှိမှသာ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချခွင့် ပြုထားပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီတို့က အရည်အသွေး စံချိန်စံညွှန်းများ မှန်ကန်ရေးနှင့် စည်းစနစ်ကျနစွာ တင်သွင်းရေးကို ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။ သို့ရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအတွင်းသို့ တစ်ဖက်နိုင်ငံမှ တရားမဝင် လိုင်စင်မဲ့ စားသုံးဆီများ ဝင်ရောက်လာသည့်အတွက် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီက အဆိုပါ စားသုံးဆီများ၏ အခြေအနေကို စိစစ်ခဲ့ရာ တစ်ဖက်နိုင်ငံ ဆီစက်များ၏ ဘေးထွက်ဆီများနှင့် ကြော်ပြီးဆီများကို အအေးခံစုစည်း၍ ပြန်လည်သန့်စင် ချက်လုပ်သော ဆီများဖြစ်ကြောင်း၊ ယင်းဆီများကို ပဲဆီအနံ့ထွက်စေသည့် အရည်တစ်မျိုး ရောစပ်ပြီး ပဲဆီအဖြစ် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၄င်းဆီများကို စားသုံးရန် သင့်တော်ခြင်းရှိ/ မရှိ စစ်ဆေးနိုင်ရေး ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန်အသင်း၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချဌာနတို့ရှိ ဓါတ်ခွဲခန်းများသို့ နမူနာများ ပေးပို့ခဲ့ရာ ဓါတ်ခွဲစမ်းသပ် စစ်ဆေးတွေ့ရှိချက်နှင့် Gas Chromatography စက်ဖြင့် စမ်းသပ်စစ်ဆေး တွေ့ရှိချက်များအရ မည်သည့်စားသုံးဆီ အမျိုးအစားနှင့်မျှ ကိုက်ညီမှု မရှိကြောင်းနှင့် အသုံးပြုပြီး ဆီအရောများကို ပြန်လည်ပြုပြင်ထားသော ဆီများ ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။ သို့ဖြစ်၍ အလားတူ စားသုံးရန် မသင့်လျော်သော အမည်မသိ ဆီများကို အများပြည်သူ စားသုံးပါက ကာလတစ်ခုအတွင်း အနှေးနှင့်အမြန် ကျန်းမာရေး ထိခိုက်လာနိုင်သဖြင့် လုံးဝစားသုံးခြင်း မပြုရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။
Myanmar Express

ဘကြီးသက်
Unknown at 3:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.