Tuesday, June 12, 2012

(၇၅)သိန်းတန် မြန်မာမီနီဆလွန်းကားအစီးရေ (၈၀၀)ကျော် ရောင်းချပေးမည်


ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းတန် မြန်မာမီနီဆလွန်း(QQ)ကားအစီးရေ (၈၀၀)ကျော် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

“ဒီနှစ်ဘဏ္ဍာနှစ်မှာ ကားအစီးရေ (၉၀၀)လောက် ရောင်းချပေးသွားမှာပါ။ ဘယ်တော့လောက် စရောင်းပေးမလဲ ဆိုတာတော့ အတိအကျမသိရသေးပါဘူး”ဟု နေပြည်တော် စက်မှုဝန်ကြီးဌာနညွှန်ကြားရေးမှူး ဒေါ်မြတ်သူဇာ က ပြောသည်။

မီနီဆလွန်းကားများကို ရောင်းချပေးရာတွင် ပထမအသုတ်အနေဖြင့် အစီးရေ(၃၀၀)ကို ရောင်းချပေးသွားမည်   ဖြစ်ကြောင်းနှင့် ရောင်းချပေးမည့်အချိန်ကို သိရှိခြင်း မရှိသေးကြောင်း ဒေါ်မြတ်သူဇာက ဆက်ပြောသည်။

“ဒီကားတွေကို အသုတ်ခွဲပြီး ရောင်းချပေးသွားမှာပါ။ အခုလက်ရှိတော့ ကားတွေက သင်္ဘောပေါ်မှာပဲ ရှိပါ သေးတယ်။ သိပ်မကြာခင်အချိန်မှာ ရောင်းချပေးနိုင်မှာပါ”ဟု ဒေါ်မြတ်သူဇာကပြောသည်။

မီနီဆလွန်းကားများကိုဝယ်ယူလိုပါက လျှောက်လွှာဝယ်ယူ၍ အမည်၊မှတ်ပုံတင်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် များကို ရေးပြီး စက်မှုဝန်ကြီးဌာနတွင် လျှောက်လွှာတင်၍ ၀ယ်ယူနိုင်ကြောင်းကိုလည်း သိရသည်။

မြန်မာမီနီဆလွန်း(QQ)ကားများအား စက်မှုဝန်ကြီးဌာနက တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။ အဆိုပါ ကားငယ်များမှာ ပြင်ပဈေးကွက်တွင် ကျပ်သိန်း(၁၂၀)၀န်းကျင် ဈေးရှိ ကြောင်းကိုလည်း ကားအကျိုးတော်ဆောင် များထံက သိရှိရသည်။

 “ဒီကားလေးတွေက တက္ကစီဆွဲမယ့်သူတွေ ကြိုက်ကြတယ်။ ဆီစားလည်း သက်သာတယ်၊ ဈေးနှုန်းကလည်း သင့်ယုံပဲဆိုတော့ မဆိုးပါဘူး။ တကယ်လုံလုံလောက်လောက်ရောင်းပေးနိုင်ရင် အဆင်ပြေပါတယ်။ လက်ရှိအပြင်ပေါက်ဈေး  ကတော့   သိန်း(၁၂၀) ကျော်ကျော်လောက်ရှိနေတယ်”ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်က ပြောသည်။

ဘကြီးသက်
Unknown at 9:06 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.