Sunday, June 10, 2012

ဘေးကတီးသောဆိုင်းနှင့် ဘုမသိဘမသိထကကြသူများ


ယခုလက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးမရိုးသားမှုတစ်ခုဟု
မြင်ပါသည်။ ထိုမရိုးသားမှုအောက်တွင် အပြစ်မဲ့သူများ မြေဇာပင်ဖြစ်သွားရသည်။အသိဥာဏ်
ပညာအတွေးအခေါ်နုံနဲ့သူများ ဘုမသိဘမသိ ရောကောသောကော ပါဝင်လာကြသည်။
               ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိသည် မည်သည့်တိုင်းပြည်တွင်
နေထိုင်သည်၊မည်သည့်နိုင်ငံသားဖြစ်သည်ကို သိရှိကြပြီးဖြစ်သည်။မိမိတိုင်းပြည်၏ အချုပ်အခြာ
အာဏာကိုထိပါးလာမှုသည် မိမိအရေးကိစ္စပင်ဖြစ်သည်။မိမိ၏တိုင်းပြည်ကို ထိပါးလာလျင်
အစ္စလာမ်ဘာသာကိုးကွယ်သူကိုဖြစ်စေ မည်သည့်ကျူးကျော်စော်ကားသူကိုဖြစ်စေ ဆန့်ကျင်
ကြရမည်ဖြစ်ပါသည်။

               ယခုစာရေးသူသည် မြန်မာပြည်သား အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်။ရခိုင်တွင်
အကြမ်းဖက်မှုပြုလုပ်သော ရိုဟင်ဂျာဖြစ်စေ မည်သည့်အကြမ်းဖက်သူကိုဖြစ်စေ လုံးဝဆန့်ကျင်
ရှုတ်ချသည်။မြန်မာပြည်သားတစ်ယောက်အနေဖြင့် မိမိတိုင်းပြည်ကိုသာ ကျေးဇူးသစ္စာစောင့်
သိရမည်ဖြစ်သည်။ကိုးကွယ်သည့်ဘာသာနှင့် တိုင်းပြည်ကိုစောင့်သိကာကွယ်ရမည့် ၀တ္တရား
ခွဲခြားသိမြင်ရမည်ဖြစ်သည်။
                ပြည်တွင်းပြည်ပ မီဒီယာများအနေဖြင့်လည်း ဘေးတီးပေးခြင်းကို ရှောင်ကျဉ်ပါ။
သမာသမတ်ကျစွာ သတင်းကို ကြေငြာကြပါ။
               လတ်တလောဖြစ်ပေါ်နေသော ကိစ္စတွင် ဘာသာရေးလူမျိုးရေး အဓိကရုဏ်းဖြစ်
ပေါ်စေရန် ရေးသားချက်များကြောင့် ယခုအခြေအနေမျိုးရောက်ရခြင်းဖြစ်
သည်။
                ထို့ကြောင့် မိမိ၏ပုဂ္ဂလအမြင်အားဖြင့်လည်း ကျူးကျော်စော်ကားသူ ရိုဟင်ဂျာ
များနှင့် ၄င်းတို့ကိုထောက်ခံအားပေးသူ ပုဆိန်ရိုးများအား ပြင်းထန်စွာဆန့်ကျင်ပါသည်။
အခြားအစ္စလာမ်ဘာသာဝင်များအနေနှင့်လည်း ၄င်းတို့ကိုဆန့်ကျင်ကြောင်း ဆန္ဒဖေါ်ထုတ်
သင့်ပါသည်။မထောက်ခံသူ အင်အားမည်မျှရှိကြောင်း စစ်တမ်းတစ်ခုကောက်ယူ၍ ၄င်းတို့
သိစေရန်ကြေငြာသင့်ပါသည်။ကိုမြအေးကဲ့သို့သော အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး နိုင်ငံအကျိုး
ဆောင်ရွက်နေသူများအနေဖြင့်လည်း နိုင်ငံရေး၊လူမျိုးရေး၊ဘာသာရေး ခွဲခြားသိမြင်နိုင်သော
အသိအမြင်များကို ပညာပေးဟောပြောမှုများပြုလုပ်သင့်ပါသည်။
                   ကျန်ရှိသော အစ္စလာမ်ဘာသာဝင်မဟုတ်သူများ အနေဖြင့်လည်း ပြည်တွင်းရှိ
အစ္စလာမ်ဘာသာဝင်များမှာ မိမိတို့၏ပြည်သူများသာဖြစ်သည်ဟု လက်ခံပေးနိုင်မှ ယခုပြဿနာ
ကိုဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ခွဲခြားဆက်ဆံမှုပပျောက်စေရပါမည်။
အစိုးရအနေဖြင့်လည်း
ယခင်အစိုးရအဆက်ဆက် ဘာသာလူမျိုးခွဲခြားထားမှုများကို ပြင်ဆင်သင့်သောအချိန်ဖြစ်ပါ
သည်။သို့မှသာတိုင်းပြည်စည်းလုံးညီညွတ်ပြီး သင်တို့လိုချင်သော ဒီမိုကရေစီနိုင်ငံကိုရပါ
လိမ့်မည်။စည်းမရှိကမ်းမရှိအသိဥာဏ်ပညာမရှိပဲနှင့်တော့ သင်တို့နှင့်ထိုက်တန်သော
အစိုးရနှင့်ဥပဒေကိုသာရနိုင်ပါလိမ့်မည်။  

ဘကြီးသက်
Unknown at 8:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.