Thursday, June 28, 2012

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ဘောလုံးပွဲကျင်းပမည်



အနုပညာရှင်များ ပါဝင်တဲ့ Actor Star အသင်းနဲ့ Myanmar FC အသင်း တို့ဟာ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ရရှိစေဖို့ ဘောလုံးပွဲစဉ်
တစ်ပွဲကို ယှဉ်ပြိုင် ကစားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ရန်ပုံငွေ ပွဲစဉ်ကို ရန်ကုန် ယူနိုက်တက် အသင်းမှ ကြီးမှူး ကျင်းပပေးတာ ဖြစ်ပြီး လာမယ့် ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီမှ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ Sports Complex ဘောလုံးကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Actor Star ဘောလုံး အသင်းမှာ လူမင်း၊ သူထူးစံ၊ နေတိုး၊ နေမင်း၊ မင်းသွေး၊ မြင့်မြတ်၊ ဇာနည်၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ဖိုးချစ်၊ မိုးယံဇွန်၊ ဖိုးတာ၊ ညီဂျော်၊ ထူးသာ၊ ၀င်းထွန်းထွန်း၊ စောငမန်း အစရှိတဲ့ အနုပညာရှင်များ ပါဝင်ကြမှာ ဖြစ်ပါတယ်။ မြန်မာ ဘောလုံး အသင်းမှာတော့ မြန်မာ ဘရူဝါရီမှ ၀န်ထမ်း များနဲ့အတူ အဆိုတော်များ ဖြစ်ကြတဲ့ မျိုးကြီး၊ အောင်လ၊ ဟက်ကက်၊ လင်းလင်း၊ မျိုးမင်းထွန်းနဲ့ ရန်ကုန် ယူနိုက်တက် အသင်းမှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ၀န်ထမ်းများ ပါဝင်ကြမှာပဲ ဖြစ်ပါတယ်။

Actor Star အသင်းဟာ အဆိုပါ ရန်ပုံငွေပွဲစဉ် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ၂၅ ရက်နေ့ ညနေက ရန်ကုန် ယူနိုက်တက် အသင်းရဲ့ မြက်ခင်းတု ကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး မီဒီယာများ နဲ့လည်း တွေ့ဆုံခဲ့ ကြတာ ဖြစ်ပါတယ်။ အဆိုပါ ရန်ပုံငွေ ဖြစ်မြောက်ရေး အတွက် လိုအပ်တဲ့ အစီအစဉ်များကို ရန်ကုန် ယူနိုက်တက် အသင်းနဲ့ Actor Star အသင်းတို့က မေတ္တာဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါ ရန်ပုံငွေပွဲ အတွက် အဓိက စပွန်ဆာ အဖြစ် မြန်မာ ဘရူဝါရီက လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ ပေးအပ် သွားမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ရန်ပုံငွေ ဘောလုံးပွဲရဲ့ လက်မှတ် ဈေးနှုန်း များကို ရိုးရိုးတန်း သုံးထောင်ကျပ်၊ အထူးတန်း ငါးထောင်ကျပ် သတ်မှတ် ထားကြောင်း သိရှိရပြီး အဆိုပါ ကွင်းဝင်ကြေး အားလုံး ကိုလည်း ရခိုင်ပြည်နယ်ရှိ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဘကြီးသက်
Unknown at 9:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.