Sunday, June 3, 2012

ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ


ဇွန်၃၊၂၀၁၂ (EVB) - တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား  ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကင်မရာရိုက်ကူးသူကိုပိုက်မှ “မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” ဟု EVB သို့ပြောပါသည်။


ရုပ်သံမှတ်တမ်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းမှ “ကိုယ်ရိုက်ကူးထားတဲ့ မှတ်တမ်းတစ်ခုကို ဘာအပြစ်မှမရှိဘဲနဲ့ ဖျက်ဆီးပစ်တာတော့ ရင်နာဘို့ကောင်းတယ်။ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ဗွီဒီယိုရုပ်ပုံမှတ်တမ်းတွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုတာ သူတို့နားမလည်ပါဘူး”


“ကျွန်တော်တို့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ဘ၀ကို ရိုက်ကူးမယ်ဆိုတာ မီဒီယာတွေ၊ ဂျာနယ်တွေ အားလုံးကလည်း ဖော်ပြပြီးသားပါ။ တိုင်းပြည်တစ်ခုလုံးကိုလည်း အတိအလင်းကြေငြာထားပြီးသားပါ။ ၀တ္တရား နှောင့်ယှက်မှုနဲ့ အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အပြစ်မရှိဘဲနဲ့ ခံဝန်ထိုးခိုင်းတယ်ဆိုတာ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတယ်လို့ မြင်ပါတယ်”။


အဆိုပါဖြစ်ရပ်နှင့်ပါတ်သက်၍ အတည်ပြုချက်ရယူရန် ပြင်စာရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။


လယ်ယာမြေသိမ်းဆည်းခံရသည့်တောင်သူလယ်သမားများအရေးကို လိုက်လံဆောင်ရွက် ပေးသည့် တောင်သူလယ်သမားကွန်ယက်မှ ဦးနေလင်းဦးက “ရဲစခန်းမှာ (၃)နာရီလောက်ကြာကြာ ခေါ်ယူစစ်ဆေးတာခံခဲ့ရတယ်။ ဘယ်သူလုပ်ခိုင်းလို့ လယ်သမားတွေ အတွက် လိုက်လုပ်နေတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုပြီး စစ်ဆေးမေးမြန်းတယ်” ဟု ပြောဆိုသည်။


ပြင်ဦးလွင်မြို့တွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းစတင်ချိန်မှစ၍ လယ်ယာမြေသိမ်းခံရမှုများသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့၍ ရွေးကောက်ပွဲမတိုင်မီက ရက်ပိုင်းအလိုမှစတင်၍ လယ်ယာမြေများအသိမ်းခံရသည့် တောင်သူလယ်သမားများသည် ပူးပေါင်းစုစည်း၍ လယ်ယာမြေများပြန်လည်ရရှိရေး လှုပ်ရှားမှုများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။


ဒေသဆိုင်ရာအာဏာပိုင်များသည် လက်ရှိ ရွာခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက်လျှက်ရှိသော လယ်ယာမြေများသည် ပိုင်ရှင် ရှိနေသည့်အတွက် ၀င်ရောက်၍ လုပ်ကိုင်ခြင်းမပြုရန်၊ အဆိုပါကိစ္စရပ်ကို မတရားသည်ဟုဆိုကာ နိုင်ငံတော် အကြီးအကဲများကို တိုင်တန်းခြင်း၊ လူ(၅)ဦးထက်ပိုသော လူစုလူဝေးမပြုလုပ်ရန်နှင့် လယ်ယာမြေအသိပညာ ပေးပွဲများ မပြုလုပ်ရန်တားမြစ်ခဲ့ပြီး၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တရားဥပဒေ နှင့်ရင်ဆိုင်ရ၍ ထောင်ဒဏ်(၇)နှစ် ကျနိုင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာခံတောင်သူ လယ်သမားများက ဆိုသည်။


အာဏာပိုင်များ၏ခြိမ်းခြောက်တားမြစ်မှုများရှိခဲ့သည့်ကြားကပင် တောင်သူလယ်သမားကွန်ယက်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေဟောပြောပွဲနှင့် လယ်ယာမြေများပြန်လည်ရရှိရေး ပူးပေါင်းဆုတောင်းဝတ်ပြုပွဲတစ်ခုကို မေလအတွင်းက ပြုလုပ်နိုင်ခဲ့သည်။

 Ethnic Voice of Burma (EVB)

ဘကြီးသက်
Unknown at 7:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.