
နိုင်ငံတကာတက္ကသိုလ်များ၏ အကူအညီဖြင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များကိုလည်းကောင်း၊ မန္တလေးတွင် မန္တလေးတက္ကသိုလ်ကိုလည်းကောင်း စံပြပညာရေး ဗဟိုဌာန Center of Excellence များအဖြစ် မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ရန်အတွက် အမေရိကန်နိုင်ငံရှိ John Hopkins တက္ကသိုလ်၊ တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ်များ၊ ဥရောပမှ တက္ကသိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတက္ကသိုလ်များ၏ ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာ နည်းလမ်းတစ်ရပ်မှာ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ပျိုးထောင်ရေးဖြစ်ပြီး၊ ဆရာ၊ ဆရာမများအား အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲမြှင့်တင်ပေးရန် ဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် John Hopkins တက္ကသိုလ်တို့ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge