Friday, May 11, 2012

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲနေမှုများကြောင့် မြန်မာနိုင်ငံသည် အချိန်တိုအတွင်း အာရှ၌ စီးပွားရေးဖွံ့ဖြိုးသည့် နိုင်ငံဖြစ်လာနိုင်ကြောင်း IMF သုံးသပ်

From : ခေတ်လူငယ်



နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲနေမှုများကို ဆက်လက်လုပ်ဆောင်သွားနိုင်ပါက မြန်မာနိုင်ငံသည် အချိန်တိုအတွင်း အာရှ၌ စီးပွားရေးဖွံ့ဖြိုးသည့် နိုင်ငံဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ သုံးသပ်ခဲ့ကြောင်း သိရသည်။ ငွေကြေးဈေးကွက်ဆိုင်ရာ အပြောင်းအလဲများကို ပြုလုပ်နေခြင်းများအတွက်လည်း မြန်မာအစိုးရ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ထောက်ခံအားပေးကြောင်းလည်း ပြီးခဲ့သည့် တနင်္လာနေ့က သုံးသပ်ထုတ်ပြန်မှုများတွင် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် IMF ''လက်ရှိ မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သမိုင်းဝင် အပြောင်းအလဲတွေ၊ အခွင့်အရေးတွေနဲ့ ကြုံတွေ့ ခံစားခွင့် ရှိပါတယ်။ ပြည်သူတွေ ရဲ့ လူနေမှု အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်တဲ့ အခြေအနေမျိုးကိုလည်း ဖန်တီးနိုင်မှာပါ။ မြန်မာနိုင်ငံဟာ လက်ရှိပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် အာရှမှာ စီးပွားရေး အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာပါ။ ဒါ့အပြင် သဘာဝရင်း မြစ်တွေရယ်၊ ငယ်ရွယ်နုပျိုတဲ့ လုပ်သားအင်အားရယ်၊ စီးပွားရေး အခွင့်အလမ်းကောင်းတွေရယ်ကလည်း နိုင်ငံအတွက် အားသားချက်တွေ ဖြစ်လာပါလိမ့်မယ်''ဟု သုံးသပ် ဖော်ပြထားခဲ့သည်။ သို့သော်လည်း နိုင်ငံတွင်းသို့ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အချိန်တွင် အစိုးရ တာဝန်ရှိသူများအနေဖြင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် အဆင့်တစ်ဆင့်ချင်းစီအလိုက် ဂရုတစိုက် စီမံဆောင်ရွက်ကာ ရေရှည်ခိုင်မာအောင် စနစ်တကျ တည်ဆောက်သွားရန်လည်း သတိပေး တိုက်တွန်းချက်များတွင် တွေ့ရသည်။ IMF အကြီးအကဲဖြစ်သူ Meral Karasulu ကလည်း ''မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက အရှိန်အဟုန်နဲ့ ပေါ်ထွက်လာတာ အသေအချာ တွေ့မြင်နေရပါတယ်။ ဒီနှစ်နှစ်အတွင်းမှာကိုပဲ သိသိသာသာ တိုးတက်မှု ရှိလာပါတယ်''ဟု ဆိုခဲ့သည်။ ထို့ပြင် ၎င်းက ငွေလဲနှုန်းများကို နှုန်း ထားတစ်မျိုးတည်း ပေါင်းစည်းသည့် ငွေလဲနှုန်းပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန် ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး၊ စင်ကာပူဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်း ဧပြီလ ၂ ရက်နေ့မှ စတင်ဆောင်ရွက် နိုင်ခဲ့ခြင်းမှာလည်း စီးပွားရေး ပြောင်းလဲတိုးတက်မှု၏ ကနဦးအစ ခြေလှမ်းတစ်ခုပင်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။ တရားဝင် ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်းထိ တိုးတက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်း သုံးသပ်ထားခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ငွေလဲနှုန်းကိစ္စ အပါ အ၀င် စီးပွားရေးကိစ္စများ ပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သည်။
Unknown at 2:13 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.