ပြည်တွင်း အသုံးပြုလျက်ရှိသော GSM ကြိုတင် ငွေပေးကတ်စနစ်သုံး ဖုန်းများတွင် တစ်သောင်းတန်၊ သုံးသောင်းတန် Topup ကတ်ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ယခုစီစဉ်နေသည့် e-Topup စနစ်ကိုလည်း ၎င်းပုံစံအတိုင်းပင် တစ်သောင်းတန်နှင့် သုံးသောင်းတန်ဟူ၍ နှစ်မျိုး ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေဖြည့်သွင်းလိုသူများအနေဖြင့် မိုဘိုင်းဖုန်းဆိုင်သို့ လာရောက်ကာ မိမိဖြည့်သွင်းမည့် ငွေအမောင့်ပမာဏကို ကောင်တာသို့ ပြောရုံဖြင့် ကောင်တာမှ တာဝန်ရှိသူက e-Topup စက်ကို အသုံးပြုကာ ငွေဖြည့်သွင်းပေးမည် ဖြစ်သည်။ ၎င်း e-Topup ကတ်ကို မိုဘိုင်းဖုန်းများ ရောင်းချပေးလျက်ရှိသော ဆိုင်များတွင် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်သည်။ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဖုန်းများတွင် ကြိုတင်ငွေပေးကတ် အသုံးပြုသော ဖုန်းများအတွက် Topup ကတ် အမျိုးအစားသုံးမျိုး ခွဲခြားထားကြောင်း၊ ၎င်းတို့မှာ GSM ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်၊ CDMA ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်နှင့် အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်တို့ ဖြစ်ကြောင်း သိရသည်။ GSM နှင့် CDMA ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို နီးစပ်ရာ မိုဘိုင်းဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်ပြီး အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို သတ်မှတ် အရောင်းဌာနများတွင်သာ ဝယ်ယူနိုင်သေးကြောင်း သိရသည်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge