Wednesday, May 16, 2012

စင်ကာပူအကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ဒုတိယစီးပွားရေးမြို့တော် တည်ထောင်မည်



From : ခေတ်လူငယ်
စင်ကာပူ၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးမြို့ကို တည်ထောင်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က အတည်ပြုပြောကြားသည်။ အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် ငါးနှစ် Master Plan ရေးဆွဲမည် ဖြစ်ကာ ပြည်တွင်းမှ အတွေ့အကြုံရှိ ပညာရှင်များ၊ စင်ကာပူကက်ပယ်အဖွဲ့မှ ပညာရှင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။ “MCC ရှိတဲ့ မင်းဓမ္မဘက်မှာ ဒုတိယ စီးပွားရေးမြို့တော်လုပ်ဖို့ လျာထားပါတယ်။ စည်ပင်ပိုင်မြေမှာ မိုဒယ်အဖြစ် စတင်ဆောင်ရွက်ဖို့ ရှိတယ်။ ဒီနေရာနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်ရင် ပိုအောင်မြင်မှာပါ။ နိုင်ငံခြားက ပညာရှင်တွေကို ဖိတ်ခေါ် အကြံဥာဏ်ယူ
ရေးဆွဲသွားဖို့ ရှိပါတယ်။ စင်ကာပူကက်ပယ်အဖွဲ့ကို မြို့ပြစီမံကိန်းရေးဆွဲတာနဲ့ ပတ်သက်ပြီး အကူအညီ တောင်းထားတာ ရှိပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က မေ ၁၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့ပြစီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်
စတင်ရေးဆွဲနေပြီဖြစ်ကာ ယခင်က မြို့ပြစီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ်ဌာနက ရေးဆွဲပြီး ယင်းဌာနမှ လွှဲပြောင်းသော မြို့နယ်များကို စည်ပင်မှ ထိန်းသိမ်းခြင်းကိုသာ ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
Unknown at 6:22 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.