Saturday, May 19, 2012

 ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖေါက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ပြောကြား၊ အများပြည်သူများကိုလည်း အလှည့်က မီးပေးစနစ်ဖြင့်သာ ပေးမည်ဟုဆို

elec
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူများကို မေလ ၁၉ ရက်နေ့ မီဒီယာတွေဆုံပွဲတွင် တွေ့ရစဉ်
ရွှေလီ-မန်စံဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ရက်နေ့မှစတင်ကာ အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ၁၉ရက်နေ့က ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ၀ပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။

EMG
Unknown at 7:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.