Monday, May 21, 2012

ကလေးအသေများ၏ သွေးသားကို အမှုန့်ကြိတ် ပြုလုပ်ထားသည့် ဆေးတောင့်များ တရုတ်မှ တောင်ကိုရီးယားသို့ တင်သွင်းမှုအား ဖမ်းဆီးရမိ



ကလေးအသေများ၏ သွေးသားကို အမှုန့်ကြိတ် ပြုလုပ်ထားသည့် ရောဂါမျိုးစုံ ကုသနိုင်သည်ဆိုသော ဆေးတောင့်များ တရုတ်မှ တောင်ကိုရီးယားသို့ တင်သွင်းလာမှုကို တောင်ကိုရီးယား အကောက်ခွန် အရာရှိများက ဖမ်းဆီးရမိခဲ့ကြောင်း မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းဆေးတောင့်များကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးအလောင်းများအား အစိတ်စိတ်ပိုင်းကာ အခြောက်ခံပြီး အမှုန့်ကြိတ်ထားခြင်းဖြစ်ကြောင်း ကိုရီးယား အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည်။

ဖျက်ချထားသော ကလေးငယ်များ၊ စွန့်ပစ်ခံရသော ကလေးငယ်များကို အကျင့်ပျက် ဆေးဝန်ထမ်းများနှင့် ပေါင်းကာ စုဆောင်းဝယ်ယူပြီး ဆေးအဖြစ် ထုတ်လုပ်ခြင်းဖြစ်သည်ဟု ယူဆရသည်။
ယင်းကလေးအသေများကို မည်သည့်နေရာမှ ရသည်၊ မည်သူတို့က ယင်းဆေးအဖြစ် လုပ်သည်ကိုမူ မသိရသေးပေ။ သန္ဓေသားလောင်းနှင့် မွေးစကလေးအသေများကို အသုံးပြုပြီး ဆေးဝါးထုတ်လုပ်ခြင်းအား စုံစမ်းစစ်ဆေးရန် ပြီးခဲ့သည့်နှစ်တွင် တရုတ်အာဏာပိုင်များက ညွှန် ကြားထားခဲ့ဖူးသည်။

အားတိုးဆေးအဖြစ် စာရင်းသွင်းကာ ကိုရီးယားသို့ တင်သွင်းလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လမှစကာ ယခုအချိန်အထိ ယင်းဆေးမျိုး တင်သွင်းမှုအကြိမ်ရေ ၃၅ ကြိမ်တိတိကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးတောင့် ၁၇၄၅၀ တောင့်မျှ သိမ်းဆည်းရမိခဲ့သည်ဟု အကောက်ခွန်ဌာနက ထုတ်ပြန်သည်။

ယင်းဆေးများကို အချို့က ရောဂါမျိုးစုံ ပျောက်ကင်းစေသော ဆေးဝါးများအဖြစ် ယုံကြည်မှုရှိနေသည်ဟု ဆိုသည်။ ဆေးများ ခိုးသွင်းလာခဲ့သူများကမူ ယင်းဆေးများကို ပုံမှန်အားတိုးဆေးများအဖြစ်သာ သိရှိထားပြီး မည်သည့်အမယ်များ ပါသည်၊ မည်သို့ ထုတ်လုပ်သည်ကို မသိကြောင်း ထွက်ဆိုထားသည်။ တရုတ်အရှေ့မြောက်ပိုင်းတွင် နေထိုင်ခဲ့ကြပြီး ယခုအခါ တောင်ကိုရီးယားတွင် ပြန်လည်အခြေချကြသည့် ကိုရီးယားလူမျိုးအချို့မှာ ယင်းဆေးကို သုံးစွဲကြခြင်း (သို့မဟုတ်) ကိုရီးယား-တရုတ်ကပြားများက သုံးစွဲကြခြင်းဖြစ်သည်ဟု ယူဆရကြောင်း အကောက်ခွန် အရာရှိများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ ကျန်းမာရေး ၀န်ကြီးဌာနတို့ကို မေးမြန်းခဲ့ရာ ချက်ချင်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ တရုတ်မီဒီယာများ၏ ဖော်ပြချက်အရမူ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော ကျင် လင်းပြည်နယ်မှာ ယင်းကဲ့သို့သော ပစ္စည်းများထွက်ရှိရာအရပ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

Ref;AP,Daily Mai
Unknown at 10:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.