Friday, May 4, 2012

ဥရောပ အာကာသ အေဂျင်စီမှ ၁ ဘီလီယံတန် ကြာသပတေးဂြိုဟ် လေ့လာရေးယာဉ် တည်ဆောက်မည်




European Space Agency (Esa) ခေါ် ဥရောပ အာကာသ အေဂျင်စီမှာ ကြာသပတေး ဂြိုဟ်နှင့် ၎င်း၏ ရေခဲနေသော အရံလများသို့ သွားရောက်
စုံစမ်းမည့် ဂြိုဟ်တု လေ့လာရေး အစီအစဉ် တစ်ခုကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုကို Juice ဟု အမည်ပေးထားပြီး ပဲရစ်မြို့တွင် ပြုလုပ်သည့် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များ အစည်းအဝေး အတွင်း အတည်ပြုလိုက်နိုင်ခြင်း ဖြစ်သည်။

ယခု ယာဉ်ကို လာမည့် ၂၀၂၂ ခုနှစ်တွင် စတင်ပြီး လွှတ်တင်နိုင်ရန် တည်ဆောက်မည် ဖြစ်ကာ ယခု စီမံကိန်း အတွင်း ကြာသပတေး ဂြိုဟ်သို့ ရောက်ရှိရန် အတွက် သွားရမည့် ခရီးကာလ ကြာမြင့်ချိန် အဖြစ် နောက်ထပ် ရှစ်နှစ်ကို ထပ်ပေါင်း ရဦးမည်လည်း ဖြစ်သည်။ Juice ၏ အရှည်ကောက်မှာ JUpiter ICy moon Explorer ဖြစ်ပြီး ၅ တန်မျှ အလေးချိန် ရှိမည်ဖြစ်ကာ ယခုလို လေ့လာမှု အတွင်း ကြာသပတေး ဂြိုဟ်၏ ဂြိုဟ်ရံလ ၃ ခုကို အလေးထား စုံစမ်းမည် ဖြစ်သည်။ အဆိုပါ ဂြိုဟ်ရံလဆီသို့ ပျံသန်းရာတွင်လည်း ကြာသပတေး ဂြိုဟ်၏ ဆွဲအားကို အသုံးပြုကာ Callisto နှင့် Europa ဂြိုဟ်ရံလများကို အနီးကပ် ဖြတ်ပျံမည် ဖြစ်ကာ နောက်ဆုံးတွင် Ganymede ဂြိုဟ်ရံလ၏ ပတ်လမ်းတွင် ဝင်ရောက်မည် ဖြစ်ပြီး အသေးစိတ် လေ့လာမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 8:08 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.