Monday, May 21, 2012

မီးမလာတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

 ဘယ်သူ့မှာ တာဝန်ရှိသလဲ...
  1. ဘယ်သူက Decision Maker လဲ..။
  2. ဘယ်သူကို အပြစ်တင်ရမလဲ..။
  3. ဘယ်သူက ဘာလုပ်ပေးနိုင်သလဲ..။
  4. ဘယ်သူတွေက အခွင့်ထူးခံလဲ.....။
  5. ဘယ်သူတွေက စံစားနေသလဲ....။

ဒီမေးခွန်း ၆ ခုကတော့ ကိုရန်အောင်
က သူ့ပို့စ်မှာ
 မေးထားတာတွေ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ဖြေသင့်တယ်လို့ ယူဆတဲ့အတွက် “ဒီမိုကရေစီ နိုင်ငံရေးစနစ် ရှုထောင့်ကနေ” အလေးအနက်ထား ဖြေပါရစေ။

မီးပြတ်တယ်.. မီးဖြတ်တယ်.. မီးမလာဘူး.. သာတူညီမျှ မီးရပိုင်ခွင့် မရှိဘူး… စတဲ့ ကိစ္စတွေအတွက် ပြည်သူမှာ တာဝန် ရှိပါတယ်။ ကနေ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်က ဒီမိုကရေစီ နိုင်ငံရေးစနစ် ဖြစ်လို့ လူတိုင်းဟာ သာတူညီမျှ ခံစားပိုင်ခွင့် ရှိရပါမယ်။ ဘယ်သူတဦးတယောက်မှ ပိုပြီး ခံစားပိုင်ခွင့် သီးခြား ရှိမနေရပါဘူ။ မရှိရင် အားလုံးမှာ မရှိတာ ဖြစ်နေရသလို ရှိရင်လည်း အားလုံးက ညီတူညီမျှ ခွဲဝေထားတာပဲ ဖြစ်ရပါမယ်။

ယန္တရားက ကောင်းလျက်သားနဲ့ အလုပ်မတွင်တာ၊ မှားသွားတာဟာ ယန္တရားကြောင့် မဟုတ်ဘဲ မောင်းနှင်သူကြောင့်သာ ဖြစ်ရပါတယ်။ အဲဒီမောင်းနှင်သူကို ဘယ်သူက အလုပ်ခန့်သလဲ.. ခန့်တဲ့သူမှာသာ တာဝန်ရှိပါတယ်။

ဒီမိုကရေစီ ဖြစ်တဲ့အတိုင်း ပြည်သူကသာ အာဏာကို ပိုင်ဆိုင်ပါတယ်။ ပြည်သူရဲ့ အာဏာဟာ အလွဲသုံးစား လုပ်ခံရလို့ လုံးဝ မဖြစ်ပါဘူး။ အာဏာ အလွဲသုံးစား ခံရရင် အလွဲသုံးစားသူကို ပြည်သူတွေက ဖယ်ရှားပြီး အသင့်တော်ဆုံးသူကို ပြန်လည် အစားထိုးရပါမယ်။  

မီးမလာရတဲ့ ချို့ယွင်းချက်ကို လက်ပိုက်ကြည့်နေလို့ မရပါဘူး။ အချိန်မီ ပြင်ဆင်ယူနိုင်ရပါမယ်။ ပြင်ဆင်နိုင်တဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ မီးလာအောင် လုပ်ယူဖို့ ပြည်သူတွေမှာ လုပ်ပိုင်ခွင့် ရှိပြီးသား ဖြစ်ပါတယ်။ “ဘယ်သူ့မှာ တာဝန်ရှိသလဲ” ဆိုတဲ့ မေးခွန်း (၁) ရဲ့ အဖြေကတော့ ပြည်သူတွေသာ ဖြစ်ပါတယ်။

ကျန်တဲ့မေးခွန်းတွေမှာလည်း ဒီသဘောအတိုင်း ဆက်ဖြေလို့ ရပါပြီ။

အဖြေ (၂) .. ဒီကိစ္စအပေါ် အဆုံးအဖြတ်ပေးသူ (Decision Maker) ဟာ ပြည်သူပဲ ဖြစ်ပါတယ်။ ပြည်သူကသာ အသင့်တော်ဆုံးသူကို ရွေးချယ် ခန့်ထားရပါမယ်။

အဖြေ (၃) .. အမှားအယွင်းတွေ၊ ချွတ်ယွင်းမှုတွေအပေါ်မှာ အပြစ်တင်ခံရမယ့်သူကတော့ ဒီစနစ်ကို အမီမလိုက်နိုင်သူသာ ဖြစ်ပါတယ်။

အဖြေ (၄) ..  ဒီလို အမှားအယွင်းတွေ၊ ချွတ်ယွင်းမှုတွေအတွက် ပြင်ဆင်ယူနိုင်ဖို့ သင့်တော်သူတွေကို ပြည်သူတွေကသာ ပြန်လည်ရွေးချယ် ပေးရပါမယ်။

အဖြေ (၅) .. အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ မှန်သမျှဟာ ပြည်သူတွေအတွက်သာ ဖြစ်ရပါမယ်။ ပြည်သူ့အကျိုးစီးပွားသာ ဖြစ်ရပါမယ်။ အားလုံးဟာ အေးတူ ပူအမျှ စိတ်ဓါတ်အရ သာတူညီမျှ ခံစားပိုင်ခွင့် ရှိနေရပါမယ်။ အခွင့်ထူးခံတဲ့ လုပ်ရပ်မျိုးကို ခွင့်ပြုလို့ မရပါဘူး။ အခွင့်ထူးခံနေသူ ရှိရင် စနစ်ရဲ့ အားနည်းချက်သာ ဖြစ်ရပါမယ်။

အဖြေ (၆) .. အထက်က အဖြေ (၅) လို မဟုတ်ဘဲ အခွင့်အရေးကို ယူနေရင် ပြည်သူကို သစ္စာမစောင့်သူသာ ဖြစ်ပါတယ်။

အခြားရှုထောင့်တွေကလည်း ကိုရန်အောင်ရဲ့ မေးခွန်းတွေကို ဖြေနိုင်ပါလိမ့်မယ်။ တံခါးတွေ ဖွင့်လိုက်တဲ့အခါ နေရောင်ခြည်အောက်မှာ မြင်နိုင်စွမ်းတွေ ပိုကောင်းလာသလို မြန်မာပြည်သူတွေ မျက်စိပွင့် နားပွင့်လာကြလို့ အရင်ထက်ပိုပြီး အတွေးအခေါ်တွေ ထက်သန်စူးရှလာရုံမက အရင်ထက်ပိုပြီး စိတ်ဓါတ်တွေ မှန်ကန် ရင့်သန်လာကြတာကိုလည်း သတိပြုမိပါတယ်။ တိုင်းပြည်တိုးတက်ဖို့ အလားအလာကောင်းတွေပဲ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂ဝ-၅-၂ဝ၁၂
Unknown at 9:43 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.