Tuesday, May 29, 2012

ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ယနေ့ ည ထိုင်းနိုင်ငံကိုသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဒီကနေ့ညမှာ ရန်ကုန်ကနေ ထိုင်းလေကြောင်းလိုင်း တီဂျီနဲ့ ထွက်ခွာ မှာ ဖြစ်ပြီး ဘန်ကောက်မြို့ကို ထိုင်းစံတော်ချိန် ည (၁၀)နာရီ ၀န်းကျင်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါ တယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာ မေ(၃၀) ၇က်ကနေ ဇွန်၁ရက် နေ့ထိ ကျင်းပမယ့် ကမ္ဘာ့စီး ပွားရေး ဖိုရမ်ကို တက်မှာဖြစ်ပြီး အစည်းအဝေး နောက်ဆုံး နေ့ဖြစ် တဲ့ ဇွန် ၁ ရက်နေ့ အမေးအဖြေကဏ္ဍ မိနစ် ၃၀ ကြာ စကားပြောဆိုဖို့လည်း ရှိနေပါ တယ်။

 မနက်ဖြန် မေ (၃၀)ရက်နေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသက မြန်မာရွေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန် (၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လနဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တောဆေးခန်းကို သွားရောက်မှာဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒီဗွီဘီ
Unknown at 5:15 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.