
၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။
“NOAA (National Oceanic and Atmospheric Administration) ကထုတ်ထားတဲ့ နှစ်ပတ်စာ ခန့်မှန်းချက်ထဲမှာ မေလ ၂၃ ရက်ကနေ ဇွန်လ ၅ ရက်အတွင်း ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်း မြန်မာ့ရေပြင်နဲ့ ထိစပ်နေတဲ့အပိုင်းမှာ မုန်တိုင်းဖြစ်မယ်လို့ ပါတယ်။ မိုးကြိုမှာဖြစ်တဲ့မုန်တိုင်း၊ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၃၆ ရာခိုင်နှုန်းက မြန်မာနိုင်ငံကိုဝင်တယ်။ အခုထိ မြန်မာနိုင်ငံကို ၀င်မယ်လို့ ခန့်မှန်းချက် မရှိသေးပေမယ့် သတိထားစောင့်ကြည့်ဖို့တော့ လိုတယ်” ဟု ဦးထွန်းလွင်က ၂၀၁၂ ခုနှစ်မိုးရာသီ၌ မြန်မာ့ဆန်စပါး စိုက်ပျိုးရာတွင် ကြုံတွေ့ရနိုင်မည့် အခက်အခဲများဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။
NOAA သည် သမုဒ္ဒရာများနှင့် လေထုအခြေအနေကို စောင့်ကြည့်သည့် အမေရိကန် အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ ပြီးခဲ့သည့် ၁၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို မုန်တိုင်း ၈၅ လုံး ၀င်ရောက်ခဲ့ရာ ၎င်းတို့၏ ၅၁ ရာခိုင်နှုန်းမှာ မေလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။
၂၀၁၂ ခုနှစ်သည် ရာသီဥတု ခန့်မှန်းရ ခက်ခဲလွန်းသဖြင့် အလွန်ဆိုးသည်ဟု ဆိုနိုင်ကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ရွာသွန်းနေကျ မိုးရေချိန်အောက် ပိုမည်၊ လျော့မည်၊ ရွာသွန်းမြဲဖြစ်မည်ဟု အဖြေထုတ်ရန် လုံလောက်သည့် အထောက်အထားမတွေ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းသို့ မုတ်သုံ ၀င်ရောက်မြဲ အချိန် မေလ ၅ ရက် နေ့တွင် ၀င်ရောက်ခြင်း မရှိဘဲ မေလ ၁၉ ရက်နေ့မှ ၀င်ရောက်ခဲ့သဖြင့် မုတ်သုံနောက်ကျပြီး အားနည်းနေကြောင်း သိရသည်။
“မုတ်သုံက တောင်ပိုင်းကိုပဲ ၀င်တယ်။ မြစ်ဝကျွန်းပေါ် အလယ်ပိုင်းနဲ့မြောက်ပိုင်းတွေကိ
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည့် မုန်တိုင်းသည် ဇွန်လဆန်းတွင်ဖြစ်ပေါ်ပါက မိုးတွင်းသို့ရောက်ရှိသွားပြီဖြ
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge