Tuesday, May 29, 2012

ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌကို ခရိုင်ရဲစခန်းက တရားမ၀င်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ ပါတီအဖွဲ့ဝင်တွေက ပြောပါတယ်။

ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းဟာ  ပါတီစည်းရုံးရေးထွက်ရာမှာ  တရားမ၀င် လိုင်စင်မဲ့ကားကို အသုံးပြုတယ်ဆိုပြီး ဂန့်ဂေါခရိုင်ရဲစခန်း တာဝန်ရှိသူတွေက သူ့ကို ပုဒ်မ ၅ (၁) နဲ့  ပြီးခဲ့တဲ့  မေ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က နေအိမ်မှာ လာဖမ်းသွားတာလို့ ပါတီဖြစ်မြောက်ရေးအတွင်းရေးမှူး ဦးမြတ်လင်းဦးက ပြောပါတယ်။

“မြို့နယ်အတွင်းမှာ ကျေးရွာတွေကို သွားပြီးတော့ ပါတီဝင်တွေ စုဆောင်းတယ်။ အဲဒီလိုလုပ်ရင်း ၆ ရက်မြောက်နေ့လောက်မှာ ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းနဲ့ ယာဉ်နဲ့ကို တရားမ၀င် လိုင်စင်မဲ့ယာဉ်ဆိုပြီး လူရော ကားရော ဖမ်းဆီးထားတယ်။ ကျနော်တို့ လေ့လာစုံစမ်းသိရတာတော့ တဖက်အဖွဲ့အစည်းကနေ တိုင်တန်းလို့ ဖမ်းဆီးရတဲ့ ပုံစံပေါ့။ ”

ထီးလင်းမြို့နယ်ထဲမှာ  အများစုဟာ လိုင်စင်မဲ့ကားတွေ အသုံးပြုနေကြတာဖြစ်ပြီး သူလိုငါလို သုံးစွဲနေတာဖြစ်တဲ့အတွက် တပါးသူတွေကို ဖမ်းဆီးခြင်းမရှိသလို ဦးဌေးဝင်းကိုလည်း ဖမ်းမထားဘဲ လွှတ်ပေးစေလိုကြောင်း၊ လောလောဆယ် ဦးဌေးဝင်းကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဦးမြတ်လင်းဦးက ပြောပါတယ်။

ဦးဌေးဦးဟာ ဒီမော်တော်ကားကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဘာသာရေး၊ လူမှုရေး ကူညီတဲ့လုပ်ငန်းတွေမှာ အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။   အခုလို ပါတီစည်းရုံးရေးအတွက် အသုံးပြုတဲ့အခါမှ အဖမ်းခံရတာဟာ အဖွဲ့ချုပ်ကို နှောင့်ယှက်လိုသူတွေက တိုင်ကြားတာကြောင့် ဖြစ်နိုင်တယ်လို့ ထီးလင်းမြို့နယ် အန်အယ်လ်ဒီ ပါတီဝင်တွေက ယူဆထားပါတယ်။

ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲကို မေ ၃၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ လျာထားပေမယ့်လည်း ယာယီဥက္ကဋ္ဌ အဖမ်းခံထားရတဲ့အတွက် လာမယ့် ဇွန် ၁၂ ရက်မှာ လုပ်ဖို့ ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

နန်းမြနဒီ - ဒီဗွီဘီ
Unknown at 5:04 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.