Thursday, May 24, 2012

ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားတို့ကို မကြာမီ တည်ဆောက်သွားရန် စီစဉ်နေသည်ဟုဆို


မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရွှေဂုံတိုင်မီးပွိုင့်ကို တွေ့ရစဉ်

ရန်ကုန်မြို့တွင် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန် အကောင်အထည်ဖော်နေပြီး ဘုရင့်နောင်နှင့် ရွှေဂုံတိုင်ခုံးကျော်တံတားတို့ကို မကြာခင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက မေလ၂၂ရက်နေ့က ပြောကြားခဲ့သည်။

''အခုလောလောဆယ် ကျွန်တော်တို့ လုပ်နေတာက လှည်းတန်း ခုံးကျော်တံတားပါ။ ဘုရင့်နောင် ခုံးကျော်တံတားလည်း မကြာခင် စတင် အကောင်အထည်ဖော်ပါတော့မယ်။ နောက်တစ်ခါကျတော့ ရွှေဂုံတိုင်ခုံးကျော်တံတား လည်း မကြာခင် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ လုပ်မဲ့ အခြေအနေအသေးစိတ်ကိုတော့ သူတို့ရဲ့ Proposal ၊ ဒီဇိုင်းတွေကို ပြန်စစ်ဆေးလျက်ရှိပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူး ဦးကျော်စိုးက ပြောပြခဲ့သည်။

လက်ရှိ အကောင်အထည်ဖော်နေသော လှည်းတန်းခုံးကျော်တံတားတည် ဆောက်မှုမှာလည်း အချိန်တစ်နှစ်ခန့် ကြာဦးမည်ဖြစ်ကြောင်းကိုလည်း မေလ ၁၁ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာနယ်ဇင်းအချို့နှင့် တွေ့ဆုံပွဲတွင် အတွင်းရေးမှူးဦးကျော်စိုးက ဆိုသည်။

ယာဉ်ကြောကျပ်မှုများ များပြားလာသော ရန်ကုန်မြို့တော်တွင် ယာဉ်ကြောကျပ်မှုများ လျော့နည်းလာစေရန်အတွက် ခုံးကျော်တံတားများကို တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ လှည်တန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ ငါးလမ်းဆုံမီးပွိုင့်တို့တွင် ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်သွားမည်ဟုလည်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

EMG
Unknown at 9:38 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.