Tuesday, May 1, 2012

တောက်တဲ့ လက်အုပ်ချီတာ ဘာကြောင့်လဲ


ထိုင်းနိုင်ငံမှာ တောက်တဲ့က ထီနံပါတ် ပေးတယ် ဆိုတာကို တချို့က ယုံကြည်ကြတယ် တဲ့။

ဒီနံပါတ်ကို ထီထိုးသူတွေက ဘယ်လို သွားယူကြသလဲ။

လွယ်ပါတယ်၊ တောက်တဲ့ လက်အုပ်ချီတဲ့အိမ် ဘယ်အိမ်လဲ၊ အဲဒီအိမ်နံပါတ်မှာ ပါတဲ့အတိုင်း ထီသွားထိုးလိုက်တာပါပဲ တဲ့။

လက်အုပ်ချီတယ် ဆိုတဲ့ တောက်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းကို ရောက်လာပါတယ်။ တကယ်ပါပဲ၊ တောက်တဲ့က လက်နှစ်ဘက်ကို ပူးထားတယ်၊ ဆ၀ါဒီ သို့မဟုတ် မင်္ဂလာပါ လို့ ပြောဆိုတဲ့သဘောလား ဆိုတာတော့ တောက်တဲ့တွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ကဲ ...

လက်အုပ်ချီတောက်တဲ့ ရှိတဲ့အိမ်ရဲ့ နံပါတ်နဲ့ ဒီတကြိမ်ထွက်မယ့် နံပါတ် တူတယ် သို့မဟုတ် နီးစပ်တယ် ဆိုတာတွေကို ခဏ ထားလိုက်ပါအုံး။

ဒီတောက်တဲ့တွေ ဘာကြောင့် လက်အုပ်ချီတာလဲ? နံရံမှာ မျက်နှာကျက်မှာပဲ အမြဲတမ်း ကပ်နေတာပဲ မဟုတ်လား။ လူတွေနဲ့ နီးလို့ လူရောဂါ ထတာလား။


တောက်တဲ့တွေ ဒီလိုဖြစ်တာဟာ ကျန်းမာရေးမကောင်းလို့ပါ တဲ့၊ Wut Taksintum ဆိုတဲ့ သတ္တဗေဒပါမောက္ခတယောက်က ပြောပါတယ်။


ခလုတ်တိုက်မိလို့လည်း ဖြစ်နိုင်ပါတယ် တဲ့။ ဟန်ချက်ပျက်သွားတဲ့အတွက် ပြုတ်ကျမသွားအောင် ထိန်းရင်းနဲ့ ရှေ့ခြေလွတ်ပြီး လက်အုပ်ချီတဲ့ပုံ ဖြစ်သွားတာလို့ သုံးသပ်ပါတယ်။


တောက်တဲ့က ပိုးကောင်တွေကို စားတယ်၊ ပိုးသတ်ဆေးဒဏ်ခံထားရတဲ့ ပိုးကောင်တွေကို စားမိရင် တောက်တဲ့လည်း အနည်းနဲ့အများ ခံရပြီး နေမကောင်း ဖြစ်တဲ့အတွက် ဒီလို ထူးခြားတဲ့ အမူအယာတွေနဲ့ တွေ့ရတာလည်း ဖြစ်နိုင်ပါတယ် ဆိုပဲ။


တောက်တဲ့တွေကို နှစ် ၃၀ ကြာ စောင့်ကြည့် လေ့လာခဲ့တဲ့ ပညာရှင်တဦးဖြစ်သူ Montri Sumontha က ဟောဒီလို ပြောပါတယ် -


ဒီလိုအမူအယာမျိုး တနှစ် တခါလောက် တွေ့ရတတ်ပါတယ် တဲ့။ တခါတရံ ဒီလိုပုံစံနဲ့ ငါးမိနစ်လောက်ကြာတယ်၊ နေ့တိုင်းဖြစ်တာတော့ မဟုတ်ပါဘူး၊ သဘာဝလွန်ဖြစ်ရပ်လည်း မဟုတ်ပါဘူး ဆိုပဲ။


တောက်တဲ့တွေလည်း ပင်ပန်းနွမ်းနယ်တတ်တယ်၊ အဲဒီလိုအခြေအနေမှာ ကုပ်တွယ်ရပ်တည်ဖို့ ကြိုးစားရင်း ဒီလိုပုံ ပေါက်သွားနိုင်ပါတယ် တဲ့။


ကဲ .. တောက်တဲ့တွေ လက်အုပ်ပဲ ချီချီ၊ ကင်းမြီးကောက်ပဲ ထောင်ထောင်၊ နောက်ဆုံးတော့ ထီရောင်းတဲ့သူတွေ အမြတ်ထွက်တာပဲ မဟုတ်လား။


ညွှန်း - ဘန်ကောက်ပို့စ်







ဧရာဝတီ(Blog)
Unknown at 10:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.