Sunday, May 13, 2012

ပြည်သူသည် ပထမမဏ္ဍိုင်

 
ယနေ့ခေတ်ဂျာနယ်အတော်တော်များများမှာ ပြည်သူကိုပဉ္စမမဏ္ဍိုင်ဟု တွင်တွင်ကျယ် အသုံးပြုနေသည်ကို စိတ်မကောင်းခြင်းကြီးစွာဖြင့် ဖတ်ရှုနေရပါသည်။ အမှန်စင်စစ် ပြည်သူသည် ပဉ္စမမဏ္ဍိုင်မဟုတ်။ ပြည်သူသည် ပထမမဏ္ဍိုင်သာဖြစ်သည်။ ပြည်သူကို ပဉ္စမမဏ္ဍိုင်ဟု ယူဆသူ၊ သုံးနှုန်းသူတို့ကို တစ်ခုမေးပါရစေ။ ပြည်သူကို နောက်ဆုံးမှာ ပို့ထားကြမှာလား။ ပြည်သူကို အရာမသွင်းတော့ဘူးလား။ ပြည်သူကို ခေါက်ထားကြတော့မှာလား။ ပြည်သူကို မထီမဲ့မြင်ပြုကြတော့မှာလား။ ထိုပုံစံမျိုးနှင့် နေခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပြီလေ။ ယခု ထိုခေတ် ထိုစနစ်တွေ ကုန်သွားခဲ့ပါပြီ။ ယခုကား ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီဆိုသည်မှာ တကယ်တော့ ထူးထူးဆန်းဆန်းကြီးမဟုတ်ပါ။ အရာရာမှာ ပြည်သူကို ပထမမဏ္ဍိုင်နေရာ၌ ထားရှိ၍ အချုပ်အခြာ အာဏာကြီးသုံးရပ်ကို ဖော်ဆောင်ရခြင်း သာဖြစ်သည်။

လူ့အရေးမျးစွာတို့တွင် အဓိကအရေးကား နိုင်ငံတော်၏ အရေးဖြစ်သည်။ နိုင်ငံတော်၏အရေး အောင်မြင်မှသာ ကျန်လူမှုရေးအားလုံးအောင်မြင်သည်။ နိုင်ငံတော်ဟူသည် ပြည်သူဖြစ်သည်။ ပြည်သူရှိသဖြင့်သာ နိုင်ငံတော်ဟူ၍ ရှိသည်။ ပြည်သူမရှိလျှင် နိုင်ငံတော်ဟူ၍
မရှိနိုင်။ ထို့ကြောင့် နိုင်ငံတော်ဟူသည် အခြားမဟုတ်၊ ပြည်သူသာဖြစ်သည်။ နိုင်ငံတော်အစိုးရဟူသည်မှာလည်း ( government of the people, by the people, for the people. ပြည်သူ၏ အကျိုးစီးပွားအတွက် ပြည်သူနှင့်အတူ ( ပြည်သူ့ဆန္ဒနှင့်အညီ ) ပြည်သူကို အုပ်ချုပ်သူ ) အရ ပြည်သူသာ ပဓာနဖြစ်သည်။ ယခုခေတ် ရေပန်းစားသော ဒီမိုကရေစီဟူသည်မှာလည်း အခြားမဟုတ်၊ ပြည်သူအုပ်ချုပ်သော ( ပြည်သူ့ ဆန္ဒနှင့်အညီ အုပ်ချုပ်သော ) စနစ်သာ ဖြစ်သည်။ အုပ်ချုပ်ရေး အဝန်းအဝိုင်း၌ ပြည်သူဆန္ဒနှင့်အညီ ပြည်သူ့ အလိုကျမဖြစ်သေးလျှင် ဒီမိုကရေစီဟူ၍ မခေါ်နိုင်ချေ။
နိုင်ငံတော်၏ အချုပ်အခြာအာဏာဟု ဆိုကြရာ၌ “ တရားဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ဟူသောအာဏာသုံးရပ်ကို အချုပ်အခြာအာဏာ ” ဟု ဆိုကြသည်။ ယင်းအာဏာသုံးရပ်ကို မဏ္ဍိုင်ကြီးသုံးရပ်ဟုလည်း ဆိုကြသည်။ “အချုပ်အခြာအာဏာသည် ပြည်သူမှ ( ပြည်သူ့ဆန္ဒမှ ) ဆင်းသက်လာရမည်” ဟု ပညာရှင်တို့ကဆိုသဖြင့် “ပြည်သူကသာ ပထမမဏ္ဍိုင်”
ဖြစ်သည်။ လောက၌ လူထုနှင့် တိုက်ရိုက်ဆက်စပ်သော အလုပ်မှန်သမျှ လူထုကို ပထမ မဏ္ဍိုင်ပြုမှသာ အောင်မြင်သလို  အုပိချုပ်ရေးစနစ်မှာလည်း ပြည်သူလူထုကို ပထမမဏ္ဍိုင် နေရာထားမှသာ အောင်မြင်သော အုပိချုပ်ရေးစနစ်ဖြစ်သည်။ ယင်းကိုပင် ဒီမိုကရေစီဟုခေါ်သည်။ အောင်မြင်မှုဟူသည် ပရိသတ်ဖြစ်သည်။ အောင်မြင်မှုဟူသည် ပြည်သူလူထုဖြစ်သည်။                     
 “ဘုရားအဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၍ အမြိုက်တရား ဟောဖော်ကြားလျက် အများဝေနေ ကျွတ်လွတ်စေ၏” ဟု ကျေးဇူး
ရှင် တောင်မြို့ ဆရာတော် ကိုယ်ကျင့်အဘိဓမ္မာ၌ ဆိုသည့်အတိုင်း ဂေါတမဗုဒ္ဓ အလောင်းတော်သည် ပါရမီတော်တွေဖြည့်ကျင့်ရာ၌ သုမေဓာရှင်ရသေ့ဘဝမှာ ဒါနနှင့် နိဒါန်းပျိုးခဲ့၍ ဝေဿန္တရာဘဝမှာ ဒါနနှင့် နိဂုံးသတ်ခဲ့သည်။ ဘုရားအဆူဆူကို ဒါနက ကူညီသလို ဂေါတမ
ဗုဒ္ဓကိုလည်း ဒါနက များစွာကူညီခဲ့သည်။
အလောင်းတော်ဝေဿန္တရာသည် ဆယ့်ခြောက်နှစ်သားအရွယ်မှာ မဒ္ဒီဒေဝီကိုထိမ်းမြားလက်ဆက်၍ နန်းတက်တော်မူသည်။ ဝေဿန္တရာ
မင်း၏ ဘုန်းတန်ခိုးတော်ကြောင့် ဆင်ဖြူတော်ပစ္စယဟူ၍ ပေါ်လာရသတဲ့။ ဆင်ဖြူတော်ကြောင့် တိုင်းပြည်၌ ရာသီဥတုမှန်ကန်၊ ဆန်ရေစပါးပေါများကာ တိုင်းပြည်အေးချမ်းသာယာရှိသည်ဟု ယုံကြည်ကြသတဲ့။
ထိုစဉ်အခါ၌ ဝေဿန္တရာမင်းသည် စေတုတ္တရာပြည်ကြီးတွင် ဘုန်းမီးနေလတောက်ပလျက်ရှိသော်လည်း တစ်ဖက်က ကာလင်္ဂတိုင်းမှာ
တော့ သုံးနှစ်သုံးမိုး မိုးခေါင်သဖြင့် ဆနျရေစပါးပြတ်လပ် တိုင်းသူပြည်သားတွေ ငတ်ပြတ်ဒုက္ခရောက်နေကြသည်။ ပြည်သူလူထု၏ တောင်း
ဆိုမှုကြောင့် ကာလိင်္ဂမင်းကြီးက ဝေဿန္တရာမင်းထံ ဆင်ဖြူတော်ကို အလှူခံဖို့ ပုဏ္ဏားများကို လွှတ်လိုက်သည်။
ဝေဿန္တရာမင်းသည် နဂိုကမှ အလှူဒါနရက်ရောသူဖြစ်တော့ ဘယ်သူမျှမတိုင်ပင်ပဲ ဆင်ဖြူတော်ကို လွယ်လွယ်ပဲလှူလိုက်သည်။ ဆင်ဖြူ
တော်မှာ အဖိုးဖြတ်လို့ရသော ရတနာက နှစ်ဆယ်နှစ်သိန်းဖိုး ဆင်ယင်ထားသတဲ့ အဖိုးမဖြတ်နိုင်သော ပတ္တမြားက ခြောက်လုံးဆင်ယင်ထားသတဲ့။ ထိုအဆင်တန်ဆာတွေပါ အားလုံးလှူလိုက်သည်။
ထိုအခါပြည်သူလူထုက “ ဆင်ဖြူတော်ကြောင့် ငါတို့ တိုင်းပြည်မှာ မိုးလေဝသရာသီဥတုမှန်ကန်ပြီး၊ ဆန်ရေစပါးပေါများကာ အေချမ်းသာ
ယာရှိနေတာ၊ အခု မင်းကြီးက အဲဒီဆင်ဖြူတော်ကို တိုင်းတပါးလှူလိုက်တယ်၊ မကျေနပ်ဘူး” ဆိုပြီး ဟစ်တိုင်ကနေ သူတို့ဆန္ဒ ထုတ်ဖော်
ပြ၍ ဟစ်အော်ကြသတဲ့။ ခမည်းတော် သိဉ္ဓည်းမင်းကြီးက တောင်းပန်သော်လည်း တိုင်းပြည်ကလက်မခံကြ။ ဝေဿန္တရာမင်းကို တိုင်းပြည်
က နှင်ထုတ်ဖို့အထိတောင်းဆိုကြသတဲ့။
“ ပြည်ငြင်းတော့ မင်းမခံနိုင်”(တရားရှိသောမင်း၊ တရားမျှတသော မင်းတို့အတွက်သာဖြစ်ပါသည်။) နောက်ဆုံး ဘယ်လိုမှ တောင်းပန်မရ
လို့ မင်းကျင့်တရားဆယ်ပါးတွင် အဝိရောဓန-အများပြည်သူနှင့်မဆန့်ကျင်ရဟူသော ကျင့်ဝတ်အရ ပြည်သူ့ဆန္ဒကို လိုက်လျောပြီး တိုင်း
ပြည်က နှင်ထုတ်၊ နယ်နှင်ဒဏ်ပေးလိုက်ရသည်။ ပဒေသရာဇ်ခေတ်၊သက်ဦးဆံပိုင်စနစ်ဖြစ်သည်။ မင်းတို့အာဏာ ကာလသုံးပါးမရွေး၊
သတ်စေဆိုသတ်၊ သေစေဆိုသေရသော အချိန်အခါမျိုးဖြစ်သည်။ သို့သော် သိဉ္ဓည်းမင်းကြီးသည် အာဏာကို ပထမနေရာ၌ မထားပဲ ပြည်သူကိုသာ ပထမနေရာ၌ထားကာ ပြည်သူကိုသာ ပထမမဏ္ဍိုင်ပြုခဲ့လေသည်။
အောင်မြင်မှုဟူသည် အများပြည်သူပရိသတ် ပထမမဏ္ဍိုင်နှင့် တိုက်ရိုက်ဆက်စပ်သည်။ ဘုရားသော်မှ ဘိက္ခု ၊ ဘိက္ခုနီ၊ ဥပသကာ၊ ဥပါသိ
ကာ ပရိသတ်လေးပါးစုံညီမှ ပရိနိဗ္ဗာန်ပြုခဲ့သည်။ မာရ်နတ်က “ ဘုရားဖြစ်ဖြစ်ချင်း အရှင်ဘုရား လိုချင်တဲ့ သဗ္ဗညုတဉာဏ်တော် ရပါပြီ။
နိဗ္ဗာန် ပြုပါတော့ ” ဟုလျှောက်တော့ “ အထက်ပါ ပရိသတ်လေးပါး ပရိယတ်၊ ပဋိပတ် အဘက်ဘက်က ပြည့်စုံမှုမရှိသေးသမျှ ငါ ပရိနိဗ္ဗာန်
မပြုနိုင်သေး ” ဟု မိန့် ခဲ့သည်။ နောက်ပြည့်စုံသောအခါ မာရ်နတ်က ပရိသတ်လေးပါး ဘုရားအလိုကျ ပြည့်စုံပြီဖြစ်ကြောင်း လျှောက်ထား
သဖြင့် ပရိနိဗ္ဗာန်ပြုဖို့ ဆုံးဖြတ်ချက်ချ အာယုသင်္ခါရ လွှတ်တော်မူခဲ့သည်။
လောက၌ ဘုရားပွင့်လာခြင်းသည် သတ္တဝါအားလုံး၏ အကျိုးစီးပွားအတွက်ဖြစ်သည်။ ဘုရားပွင့်ခြင်းသည်ပင် အများပြည်သူကို “ပထမ
မဏ္ဍိုင်” ပြု၍ ပွင့်ခဲ့လေသည်။
အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်
အတွေးအမြင်    အမှတ် ( ၂၄၀ ) ၂၀၁၂ မတ်လ ဆောင်းပါးမှ ကောက်နုတ်ဖေါ်ပြပါသည်။
Unknown at 10:04 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.