Friday, May 18, 2012

ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ



ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Senior Staff Talk အရာရှိကြီးများ အစည်းအဝေးတက်ရောက်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ် ကြီးသက်နိုင်ဝင်း ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်း တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြိ့မှ ထွက်ခွာ သွားရာ ရန်ကုန် တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ဧရာဝတီရေ တပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံလေ တပ်စခန်း ဌာနချုပ် ဌာန ချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင် နှင့် တပ်မတော်အရာရှိကြီးများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

Myanmar Express
Unknown at 9:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.