ထိုကဲ့သို့ တရားဝင် ငွေလွှဲပို့နိုင်ရန် ဆောင်ရွက်ခြင်းမှာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အန္တရာယ်ကင်းစွာဖြင့် မိမိ၏ နေအိမ်သို့ ငွေလွှဲပို့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ငွေလွှဲစံနှုန်းကိုလည်း ယူရိုငွေပေါ်တွင် မူတည်ပြီး သတ်မှတ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် စာချုပ် ချုပ်ဆိုပြီးသော်လည်း လုပ်ငန်းစဉ် စနစ်တကျ ဖြစ်ရန်အတွက် ဇွန်လမှသာ မြန်မာအလုပ်သမား အများဆုံး တည်ရှိသည့် မဟာချိုင် ဒေသတွင်ရှိသည့် Kasikorn ဘဏ်ခွဲတွင် စတင်ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံရှိ Kasikorn ဘဏ်ခွဲများ အားလုံး၌ ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး ထိုဘဏ်များ၌ မြန်မာဘာသာပြန် ဝန်ထမ်းများလည်း ထားရှိသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ Kasikorn ဘဏ်သည် ထိုင်းနိုင်ငံအတွင်း အသုံးပြုနေသည့် အလိုအလျောက် ငွေထုတ်စက် (ATM) တွင် မြန်မာဘာသာကို ပထမဆုံး ထည့်သွင်းပေးထားသည့် ဘဏ်တစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge