Friday, May 11, 2012

ပြည်တွင်းတွင် အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး လေယာဉ်အား စတင် ငှားရမ်း သုံးစွဲနိုင်

မြန်မာ့ လေကြောင်းမှ ၀ယ်ယူ ထားတဲ့ ခရီးသည် ၁၉ ဦး တင်ဆောင် စီးနင်း ပျံသန်း အသုံးပြု နိုင်တဲ့ အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး လေယာဉ် တွေကို
ယခုအခါ စတင် ငှားရမ်း သုံးစွဲနိုင်ပြီဖြစ် တယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ် တွေကို ငှားရမ်း အသုံးပြု လိုပါက ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ မြန်မာ့ လေကြောင်းသို့ ဆက်သွယ် ငှားရမ်းရမှာ ဖြစ်ပါတယ်။ ငှားရမ်းခ နှုန်းထားမှာ တစ်နာရီကို အမေရိကန် ဒေါ်လာ ၁၆၀၀ ဖြစ်ပြီး မြန်မာ ကျပ်ငွေနဲ့ ပေးချေလိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်တဲ့ ငွေလဲလှယ် နှုန်းနဲ့ ညီမျှတဲ့ ကျပ်ငွေ နဲ့လည်း ပေးချေ ငှားရမ်း နိုင်ပါတယ်။

အဆိုပါ ငှားရမ်းခ နှုန်းမှာ အသွား၊ အပြန် အပြင် စောင့်ဆိုင်းခ အပါအ၀င် စုစုပေါင်း ကြာချိန် ၃ နာရီ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သတ်မှတ် ကြာချိန် ၃ နာရီထက် ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခရဲ့ ၃၀ ရာခိုင်နှုန်းကို ထပ်မံ သွင်းရမှာ ဖြစ်ပါတယ်။ ငှားရမ်းရာမှာ နိုင်ငံပိုင် ကဏ္ဍ အပြင် ပုဂ္ဂလိက လုပ်ငန်းတွေ ကလည်း ငှားရမ်း နိုင်သလို အရေးပေါ် လူနာများ အတွက် စင်းလုံး ငှားရမ်းမှု၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း၊ ရေနံ တူးဖော်ရေး လုပ်ငန်း စတာတွေ ကလည်း ငှားရမ်း နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ် အမျိုးအစားမှာ Beech 1900 D ဘက်စုံသုံး လေယာဉ် ဖြစ်ပြီး တောင်အာဖရိက နိုင်ငံက ၀ယ်ယူ ထားတာ ဖြစ်ပြီး မတ်လ နောက်ဆုံး ပတ်မှာ  မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ယခုအခါမှာ ငှားရမ်း ပျံသန်းမှုတွေ စတင် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။


Unknown at 6:45 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.