Monday, May 14, 2012

ရန်ကုန်-မန္တလေးရထားလမ်းအား အဆင့်မြှင့်လုပ်ကိုင်ရန် အာရှအင်အားကြီးနိုင်ငံသုံးခုမှ လာရောက်ဆွေးနွေး




From : ခေတ်လူငယ်
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မှုအား လုပ်ကိုင်ရန် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံကြီး ၃ ခုမှ လာရောက်ဆွေးနွေးကာ လေ့လာမှုများ ပြုလုပ်နေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။ “သူတို့အတွက် တွက်ခြေကိုက်မယ့် ကိစ္စတွေကို တွက်ချက်ပြီးလေ့လာမယ် လေ့လာပြီးမှ ဦးတို့ဆီပြန်တင်မယ်။ ပြန်ညှိနှိုင်းပြီးမှ အဖြေက ထွက်လာမှာပါ။ အခုလောလောဆယ် လေ့လာဆဲကာလမို့လို့ လုပ်မယ်၊ မလုပ်ဘူးဆိုတာ အတပ်မပြောနိုင်သေးဘူး” ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းအား တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် ၂၀၁၁ ခုနှစ် နှစ်လယ်က ဖိတ်ခေါ်ခဲ့ဖူးသေးသော်လည်း အဖြေထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ပြည်ပနိုင်ငံသားများ လုပ်ကိုင်ရန်အတွက် လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေးလမ်းကို အခွင့်အရေးပေးထားပြီး ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းအတွက် ရန်ကုန်မြို့တော် နှစ်သုံးဆယ်စီမံကိန်း (Plan) မထွက်သေးသဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်ဦးမည် မဟုတ်ဘဲ အဆိုပါ Plan ထွက်ပေါ်လာမှသာ စဉ်းစားပေးသွားဖို့ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express
Unknown at 4:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.