အမျိုးသမီး ၁၂ ဦးအား စပယ်ယာလိုင်စင် ချထားပေးပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စီမံရေးရာဌာနမှ အရာရှိတစ်ဦးက ပြောသည်။ မထသမှ စပယ်ယာလိုင်စင် ဖြေဆို၍ ကူညီဆောင်ရွက်ပေးရန် အကြောင်းကြားသော စာဖြင့် လာရောက်ဖြေဆိုသူ ခြောက်ဦးရှိပြီး ကျန်လေးဦးမှာ ဝါသနာအရ ကိုယ်တိုင်လာရောက် လျှောက်ထားသူများ ဖြစ်ကြောင်းနှင့် ဖြေဆိုမှုကို လာရောက် လျှောက်ထားသူတိုင်း အောင်မြင်ကြကြောင်း ၎င်းကပြောသည်။ “အခုထိ လာရောက်လျှောက်ထားတဲ့ အမျိုးသမီး စပယ်ယာတွေက ပညာတတ်တွေ များတယ်” ဟု ၎င်းကဆိုသည်။ ပညာအရည်အချင်း ကန့်သတ်ချက် မရှိသော်လည်း အမျိုးသမီး စပယ်ယာလိုင်စင် လျှောက်ထားသူများမှာ အခြေခံအဆင့်အနေဖြင့် ၉ တန်း အောင်ပြီးသူများဖြစ်ပြီး ဘွဲရများ ပါဝင်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။ မထသမြို့တွင်းမှ တာဝန်ရှိသူတစ်ဦးကမူ အမျိုးသမီး စပယ်ယာများအား လက်ရှိတွင် မြို့တွင်း၌ ခန့်ထားရန်မရှိသေးဟု ပြောသည်။ စပယ်ယာလိုင်စင် လျှောက်ထားပါက စပယ်ယာများ လိုက်နာရန်လိုသည့် ကျင့်ဝတ်များကို ရေးဖြေနှင့် နှုတ်ဖြေ ဖြေဆိုရကြောင်း ကညနမှ အရာရှိက ပြောသည်။ စပယ်ယာလိုင်စင် လျှောက်ထားပါက လျှောက်လွှာပုံစံကို အခမဲ့ ရယူနိုင်ပြီး ရက်ချိန်းကတ်ပြားအား ၅၀ကျပ်၊ ရွှေမြင်သာဂျာနယ် ကျပ် ၃၀၀၊ ပလတ်စတစ်လောင်းခကျပ် ၁၀၀၊ ဖြေဆိုစစ်ဆေးခ ကျပ် ၁၀၀ မွန်းတည့် ၁၂ နာရီကျော်ချိန် လာရောက် ဆောင်ရွက်ပါက အချိန်လွန်ကြေး ၅၀၀ ကျပ်၊ နှုတ်ဖြေနှင့် ရေးဖြေ အောင်မြင်လျှင် မှတ်ပုံတင်ကြေး သုံးနှစ် သက်တမ်းအတွက် ကျပ် ၃၀၀၊ စပယ်ယာ လိုင်စင်ကတ်ဖိုး ကျပ် ၄၀ နှင့် အာမခံကြေး သုံးနှစ်သက်တမ်း အတွက် ကျပ် ၃၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ စပယ်ယာလိုင်စင် ဖြေဆိုရန် လျှောက်ထားခြင်းအတွက် ကျသင့်ငွေကို ပိုမိုကောက်ခံပါက တိုင်းဒေသကြီး ဦးစီးမှူးသို့ တိုင်ကြားနိုင်ကြောင်း ယင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။ ယာဉ်လိုင်းများတွင် အမျိုးသမီး စပယ်ယာ လုပ်ကိုင်ခွင့်ကို ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge