Saturday, May 19, 2012

အင်တာနက် လျှောက်ထားသော မိုဘိုင်းလ်ဖုန်းများ ၂၄ နာရီအတွင်း အသုံးပြုနိုင်မည်






မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အင်တာနက် အသုံးပြုနိုင်ရန် လာရောက်လျှောက်ထားခွင့်ပြုခဲ့သော မိုဘိုင်းလ်ဖုန်းများကို လျှောက်ထားပြီး ၂၄ နာရီအတွင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားခဲ့သည်။ “အင်တာနက်လိုင်းက တစ်နေ့ကို အလုံးသုံးထောင်လောက် လာလျှောက်တယ်။ လာလျှောက်သမျှ ဖုန်းတွေကိုတော့ နေ့ချင်းပြီး လိုင်းဖွင့်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်” ဟု ၄င်းကဆိုသည်။ ယင်းကဲ့သို့ အင်တာနက်လိုင်းများ မပွင့်ရခြင်းမျာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ ၄င်းတို့ဖုန်း Setting မှ Mobile Network ထဲသို့ သွာေးရာက်မပြင်ဆင်ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ အင်တာနက်လိုင်း လျှောက်ထားပြီးသူများအနေဖြင့် အင်တာနက်လိုင်း လျှောက်ထားပြီး ၂၄ နာရီအကြာတွင် မိမိဖုန်း၏ အင်တာနက် Setting တွင် ဝင်ရောက် စစ်ဆေးကြည့်ရန်လည်း လိုကြောင်း ဦးကျော်စိုးက ထပ်မံရှင်းပြသည်။ GSM ဖုန်းများတွင် အင်တာနက်လိုင်း စတင်အသုံးပြုနိုင်ပါက ဖုန်းစာမျက်နှာတွင် ပုံမှန်အားဖြင့် E ဟု အလိုအလျောက် ပေါ်နေမည်ဖြစ်ပြီး WCDMA ဖုန်းများတွင် G၊ 3G စသည်ဖြင့် သင်္ကေတများ ပေါ်နေမည်ဖြစ်ကြောင်း၊ ဖုန်းဟန်းဆက်ပေါ်တွင် မူတည်ကာ Setting အတွင်း ဝင်ပြောင်းရန် လိုအပ်ကြောင်း E-lite အရောင်းဆိုင်များ တာဝန်ခံ ဦးသက်နိုင်ဝင်းက ရှင်းပြသည်။ ယင်းကဲ့သို့ အင်တာနက်လိုင်းများ လျှောက်ထားပြီး လိုင်းမရရှိခြင်းမှာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူပေါ်တွင်လည်း မူတည်ကြောင်း၊ အင်တာနက်လိုင်းများ လျှောက်ထားပြီး တစ်ပတ်အတွင်း လိုင်းမရရှိပါက ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ရုံးသို့ လာရောက်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

Myanmar Express
Unknown at 9:33 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.