Friday, May 4, 2012

စာတိုက်ကြီးနှင့် ဆက်သွယ်ရေးရုံးများတွင် မိုဘိုင်းဖုန်းများ ဝယ်ယူနိုင်




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်များအရ ဧပြီလ ၂၇ရက်နေ့မှ စတင်ပြီး မြန်မာ့ဆက်သွယ်ရေးရုံးများဖြစ်သည့် ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေး စီးပွားဌာန၊ အလုံဆက်သွယ်ရေးစီးပွားဌာန၊ ပန်းဆိုးတန်းဆက်သွယ်ရေးဌာန၊ လမ်း(၄၀) အော်တိုတယ်လီဖုန်းစီးပွားရေးဌာန (စာတိုက်ကြီး) တွင်ကျပ်နှစ်သိန်းတန်ဂျီအက်စ်အမ်မိုဘိုင်းဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းများကို One Stop Service ဖြင့် ရောင်းချပေးလျက်ရှိသည်။ ထို့နောက် Post-paid ဂျီအက်စ်အမ်ဖုန်းများကို Pre-Paid စနစ်သို့ပြောင်းလိုပြီး YES ပြန်ထားခြင်း မရှိသေးသူများအတွက် ရတနာပုံ Call Center ၏၁၈၈၁၂ သို့ မေလ ၁၅ ရက်နောက်ဆုံးထား၍ အကြောင်းပြန်နိုင်သေးကြောင်း၊ ယင်း YES အကြောင်း ပြန်သူများအတွက် ကို ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲပေးသွားမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲမည့် မိုဘိုင်းဖုန်းများသည် ၎င်းစနစ်ကို မပြောင်းလဲမီအချိန်အထိ ခေါ်ဆိုထားသည့် ခေါ်ဆိုခများကို ယခင်ကဲ့သို့ပင် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကြိုတင်ငွေဖြည့်စနစ်သို့ မပြောင်းသေးခင်အချိန်အထိ ဖုန်းခေါ်ဆိုခများပေးချေပြီးနောက် ပိုငွေကျန်ရှိခဲ့လျှင် အဆိုပါ ပိုငွေများကို ၎င်းဖုန်းထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။

 
 Myanmar Express
Unknown at 7:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.