Thursday, April 26, 2012

အီတလီနိုင်ငံခြားရေးဝန်ကြီး ယနေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံမည်



အီတလီနိုင်ငံခြားရေးဝန်ကြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးသူရရွှေမန်းအား လာရောက်တွေ့ဆုံစဉ် (ဓါတ်ပုံ- Messenger News Journal)
အီတလီနိုင်ငံခြားရေးဝန်ကြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးသူရရွှေမန်းအား လာရောက်တွေ့ဆုံပြီး လွှတ်တော်ကိစ္စရပ်များ နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။အီတလီနိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ညလေယဉ်ဖြင့် ရန်ကုန်သို့လာရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၆ရက်နေ့ နံနက်ပိုင်းတွင်တွေ့ဆုံရန်ရှိကြောင်းသတင်းရရှိသည်။

ဒါအပြင် အီတလီနိုင်ငံခြားရေးဝန်ကြီးသည်  ပြည်ထောင်စုဝန်ကြီးဦကျော်ဆန်း နှင့်  မြန်မာနိုင်ငံရှိ အမျိုးသားအမွေအနှစ်နေရာများကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရန်အတွက် ယနေ့ ညနေတွင်နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးရုံး ဧည့်ခန်းမဆောင်တွင်တွေ့ဆုံဆွေးနွေး ခဲ့သည်။ 


မြန်မာနိုင်ငံ၏ အမွေအနှစ်များ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် အီတလီနိုင်ငံအနေဖြင့်အကူအညီများပေးအပ်ရန်သဘောတူညီမှုရရှိထားပြီး ဖြစ်ကြောင်း  Messenger News Journal သတင်းအရသိရသည်။ 

အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း တွေ့ ဆုံဆွေးနွေးနေစဉ် (ဓါတ်ပုံ-Messenger News Journal)

သစ်ထူးလွင်
Unknown at 9:19 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.