Wednesday, April 18, 2012

မီဒီယာသမားများ မဖော်ပြလိုသော အမှန်တရားများ


by Khin Nyein Chan
မဲကိစ္စနဲ့ပတ်သက်လို့ Weekly Eleven မှာ comment ရေးခဲ့ဖူးပါတယ်…. အဲဒါကို လင်းသိုက်ညွန့်က ဒီလိုပြန်ရှင်းပြထားပါတယ် (Lin Thaik Nyunt ရွေးကောက်ပွဲဥပဒေအရမဲစာရွက်ကိုပြန်လဲပေးဖို့ တောင်းဆိုခွင့်ရှိပါတယ်)
ကြုံကြိုက်လို့ ကော်မရှင်မှာ စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေတဲ့ လူကြီးတစ်ယောက်နဲ့ စကားစပ်မိတဲ့အခါ ဒီအကြောင်းပြောဖြစ်တော့ သူပြောပြတာကို share လိုက်ပါတယ်….
- မဲပေးတဲ့စာရွက် စုတ်ပြဲလို့ ၊ ပျက်စီးလို့ ပယ်မဲအဖြစ်မခံရအောင် မဲရုံမှူးက မဲစာရွက်ကို လဲပေးပိုင်ခွင့်ရှိပါတယ်၊ အဲဒါမှသာ လဲပေးနိုင်မယ်၊ မဲရုံမှူးတွေကို အရန်မဲအနည်းငယ်ပေးထားတာရှိပါတယ်၊ မဲဆန္ဒရှင်က မှားခြစ်မိလို့ အသစ်လဲပေးခိုင်းရင်တော့ မဲရုံမှူးက လဲပေးလို့မရပါ၊ သူ့တာဝန်အရ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။
- မဲမပေးပါနဲ့ (သို့) မဲလာပေးပါ (သို့) မဲသွားပေးပါဟု (အတင်းအကျပ်) မည်သူကမှ ပြောခွင့်မရှိပါ၊ ပြည်သူတစ်ဦးချင်းဟာ ကိုယ့်အခွင့်အရေးအရ မဲပေးချင်ပေးနိုင်တယ်၊ မပေးချင် မပေးဘဲနေနိုင်ပါတယ်၊ သူ့အခွင့်အရေးပါ။ မဲပေးချင်တယ်ဆိုရင် ဖေဖော်ဝါရီ (၂၉) က မတ် (၂၄) အထိ (၁) မဲရုံ ၊ (၂) ရပ်ကွက်ရုံး ၊ (၃) မြို့နယ်ကော်မရှင်ရုံးတွေမှာ ကပ်ထားတဲ့ မဲရုံစာရင်းနဲ့ မဲစာရင်းကို သွားကြည့်ဖို့လိုပါတယ်၊ ဒါက မဲဆန္ဒရှင်ရဲ့တာဝန် ဖြစ်ပါတယ်၊ မဲဆန္ဒရှင်ဟာ မဲပေးပိုင်ခွင့်ရှိသူရဲ့ အရည်အချင်းနဲ့ ကိုက်ညီဖို့လိုပါတယ်၊ မဲစာရင်းမှာ နာမည်မပါရင် ရပ်ကွက်ကော်မရှင်မှာ သွားပြောနိုင်တယ်၊ မြို့နယ်ကော်မရှင်ကိုလည်း ပြောနိုင်တယ်၊ ဥပမာ - မရမ်းကုန်းမြို့နယ်မှာ အဲလိုပြောလို့ ဖြည့်ပေးတာ ၃ သောင်းခွဲကျော် ရှိခဲ့တယ်။
- မဲစာရင်းမပါလို့ မဲပေးခွင့်ဆုံးရှုံးပါတယ်ပြောတဲ့သူအများစုဟာ ကိုယ့်မဲစာရင်း ကိုယ်သွားမကြည့်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်၊ အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲစာရင်းကြည့်ပြီး ကိုယ့်နာမည်ပါ-မပါပြောခွင့်ကို (၁) ပတ်ပဲ ပေးခဲ့တာကနေ အခုကြားဖြတ်ရွေးကောက်ပွဲမှာ (၃) ပတ်အထိတိုးပေးထားတာဖြစ်တယ်။
- လ - ၀ - က မှာ သေစာရင်းမ၀င်လို့ မဲစာရင်းမှာ သေတဲ့လူနာမည်ပါနေတာမျိုးရှိတယ်၊ ရပ်ကွက် (သို့) မြို့နယ်ကော်မရှင်ကို သွားပြောနိုင်တယ်၊ အသိပေးလို့ရအောင် ပြင်လို့ရအောင် အချိန်ကို (၃) ပတ်ပေးထားတာ ဖြစ်ပါတယ်၊ မဲစာရင်းဆိုတာ draft ပါ - မဲဆန္ဒရှင်က အဲဒါကိုစစ်ဆေး အတည်ပြုပေးရမှာ ဖြစ်ပါတယ်၊ ဒါဟာ ပြည်သူ့တာဝန်ဖြစ်ပါတယ်၊ ကိုယ့်တာဝန်ကို ကိုယ်မကျေခဲ့ဘဲနဲ့ (စေတနာ့ဝန်ထမ်း) အလုပ်လုပ်ပေးနေတဲ့သူတွေကို ဘေးထိုင် ဘုပြောနေတာဟာ တကယ်တမ်းမှာ စိတ်ရင်းစေတနာ မရိုးသားကြတာ ဖြစ်ပါတယ်
Myanmar Express
Unknown at 2:29 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.