![]() | |
ဦးခင်ညွန့် ကို အင်တာဗျူးခဲ့တဲ့ ဦးမြင့်ရွှေ (ဓါတ်ပုံ-မြင့်ရွှေ Facebook) |
ကိုထွေး DVB ၁၁ ဧပြီ ၂၀၁၂
၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ လူလွှတ်ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဧပြီ ၈ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာပါ ဦးခင်ညွန့်အကြောင်း ဆောင်းပါးတခုမှာ ဒီပဲယင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တယ်ဖို့ လူလွှတ်လိုက်တယ်လို့ ဦးခင်ညွန့်က ပြောဆိုတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။
အဲဒီဆောင်းပါးအပေါ် ဒုရဲမှူးကြီးဝင်းနိုင် အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးခင်ညွန်အနေနဲ့ ဘန်ကောက်ပို့စ်ကို အင်တာဗျူးပေးခဲ့ခြင်း မရှိဘူးလို့ ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့တာပါ။
အဲဒီဆောင်းပါးကို ပြည်ပအခြေစိုက် ဦးမြင့်ရွှေနဲ့ Songpol Kaopatumtip တို့ ပူးပေါင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို တာဝန်ခံတဲ့ ဘန်ကောက်ပိုစ်သတင်းစာရဲ့ အချပ်ပို Spectrum ကဏ္ဍ အယ်ဒီတာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ငြင်းဆိုလိုက်ပါတယ်။
ဒီဆောင်းပါးကို ရေးသားရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Songpol Kaopatumtip ကိုလည်း ဒီဗွီဘီက မေးမြန်းရာမှာ ဦးမြင့်ရွှေ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဦးခင်ညွန့်အိမ်မှာ အင်တာဗျူးပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
“မတ်လလယ်လောက်မှာ အင်တာဗျူးခဲ့တာပါ။ အသေချာတော့ မမှတ်မိတော့ပါဘူး။”
ဦးခင်ညွန့်ဟာလည်း ဒီဆောင်းပါးအကြောင်း အင်တာနက်နဲ့ မီဒီယာတွေမှာ ပါရှိပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင် သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တဲ့အတွက် ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေပါတယ်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက်ညက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေးယာဉ်တန်းကို အမည်မသိ သူတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ လူတချို့ သေပျောက်ဒဏ်ရာရခဲ့သလို တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုက်ခိုက်ခံရသူတွေကို အရေးယူထောင်ချခဲ့ပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge