Thursday, April 26, 2012

ပြည်သူ့အကျိုးနှင့် တိုင်းပြည် အကျိုးအတွက် လိုအပ်လာပါက အခြေခံဥပဒေကို ပြင်ဆင်နိုင်ဟု သမ္မတ ပြောကြား

ဧပြီ ၂၄ရက်နေ့ တွင် ဂျပန်နိုင်ငံမှ ရန်ကုန်သို့ အပြန် ဘန်ကောက် လေဆိပ်ဝယ် တစ်ထောက်နားစဉ်
ရန်ကုန်၊ ဧပြီ ၂၃
ဧပြီ ၂၃ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်ခဲ့သော စာ နယ်ဇင်းရှင်း လင်းပွဲတွင် NHK သတင်းဌာ န၏ မေးမြန်းချက်ကို နိုင်ငံ တော်သမ္မတဦးသိန်းစိန်က ထိုသို့ပြန် လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။  ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် မျှော်မှန်းထားခြင်းနှင့်ပတ်သက်၍ NHK သတင်း ဌာနက မေးမြန်းခဲ့ရာတွင် ”ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ့် ဥပဒေတစ်ရပ် ထည့်သွင်းထားပါတယ်။ ဒီဥပဒေနဲ့   ဆောင်ရွက်လို့ရပါတယ်။ အဲ့ဒီတော့ကာ တိုင်းရင်းသားတွေ အကျိုးအတွက် ကျွန်တော်တို့မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ့် နိုင်ငံတော်အကျိုးအတွက် လိုအပ်တာတွေကို ဒီဥပဒေအရ ကျွန်တော်တို့ ပြင်လို့ရပါတယ်။  အများရဲ့ ဆန္ဒနဲ့ အညီ ပြင်ပိုင်ခွင့် ပေးထားပါတယ်။” ဟု သမ္မတဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။ ၄င်းပြင် အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် နီပွန်းတယ်လီဗေး ရှင်းမှ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်လာပါက အစိုးရအဖွဲ့အနေဖြင့် မျှော်လင့်ထားမှုနှင့် ပတ်သက်၍   မေးမြန်းရာ သမ္မတကြီး က ”အစိုးရဝန်ကြီးအဖွဲ့ အနေနဲ့ကတော့ သူ့ကို ဘယ်ရာ ထူးပေးမယ်၊ ဘာလုပ်မယ် ဒီလို မျှော်လင့်လို့ မရပါဘူး၊ ဒါဟာ သူ့ရဲ့ လမ်းကြောင်းကို သူကိုယ်တိုင်ပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်”ဟု ဖြေခဲ့သည်။ ဆက်လက်၍ ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ အစိုးရဝန်ကြီးအဖွဲ့သို့ ရောက်လာသည့် ပြည်ထောင်စု ဝန်ကြီးများ သည် လွှတ်တော်ကိုယ် စားလှယ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင့်တော်သည့် သူကို လွှတ်တော်မှ အတည် ပြုပြီး ရွေးကြောင်း၊ ယင်းအတွက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါက  ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရ ကြောင်း၊ ၄င်းအပြင်ပါတီမှ အရွေးခံ ထားရသည်ဆိုပါက ပါတီလုပ်ငန်း များကိုလည်း ဆက်လက်လုပ်၍ မရကြောင်း ၄င်းက ဆက်လက် ပြောသည်။ ”ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားတာဖြစ်ပါတယ်။ အဲ့ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် ထဲမှာ နေပြီး တော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သူမရဲ့ NLD ပါတီ အရေး ကိစ္စတွေကို ဆောင်ရွက်မလား ဒါမှမဟုတ် ခုနကလို ကက်ဘိနက် ထဲကို ရောက် လာဖို့အတွက် ကြိုးစား မလားဆိုတာ သူမရဲ့ ဆန္ဒပဲ ဖြစ်ပါ တယ်”ဟု ထပ်လောင်းဆိုခဲ့သည်။ သမ္မတသည် ယခုလ ၁၉ ရက်တွင် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင်ထိပ် သီးအစည်းအဝေး တက်ရောက်ရန်၌ ချစ်ကြည်ရေးခရီး အတွက် ဂျပန်နိုင်ငံသို့ သွားရောက် ခြင်းဖြစ်သည်။

www.popularmyanmar.com
Unknown at 2:07 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.