Sunday, April 1, 2012

တိုက်ရိုက် ဆက်သွယ်မေးမြန်းချက် (၂) (ရန်ကုန် မနက် ၈နာရီ)

မင်္ဂလာတောင်ညွန့်မြို့နယ် မဲရုံတခုမြင်ကွင်း.. ဓာတ်ပုံ(AP)
ဆန္ဒမဲလက်မှတ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်အမှတ်အသားများ မပါဝင်တဲ့ ဖြစ်ရပ်များ ရန်ကုန်နဲ့ နေရာအနှံအပြားမှာ ဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။ တချို့နေရာတွေမှာတော့ မြို့နယ်ကော်မရှင်မှ တံဆိပ်မပါလည်း ပယ်မဲ မဖြစ်ပဲ ဆက်လက်အတည် ပြုပေးမယ်လို့ ကတိပြုပြီး အချို့မြို့နယ်တွေမှာတော့ မည်သို့မျှ တုန့်ပြန် ပြောဆိုခြင်း မရှိလို့လည်း ဆိုပါတယ်..။ 

အဓိကချို့ယွင်းချက်ကတော့ ရွေးကောက်ပွဲကော်မရှင်မှာ လူအင်အားမရှိ၊ ပစ္စည်းမရှိ ဖြစ်နေတာဟာ အဓိက ပြသနာတခု ဖြစ်နေကြောင်း ပြောဆိုပါတယ်..။ နောက်ပြဿနာ တခုကတော့ မဲရုံတချို့မှာ မဲပေးပိုင်ခွင့် ရှိသူ စာရင်းကပ်ထားခြင်း မရှိကြောင်း သိရှိရပြီး သာဓက တခုအနေနဲ့ ယနေ့မနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ မဲရုံအမှတ်(၃)မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကပ်ထားခြင်း မရှိတဲ့အတွက် တိုင်ကြားလာကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါသည်..။ နီုင်ငံခြားသတင်းထောက် များအား မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အတွင်းပိုင်းအထိ ဝင်ရောက် မှတ်တမ်း သတင်းယူခွင့်ပေးကြောင်း သိရှိရပါသည်..။

ဒီမိုဝေယံမှ ဆက်သွယ် မေးမြန်းချက် သတင်းများအား အချိန်နဲ့ တပြေးညီ ထပ်မံ တင်ဆက်ပေးပါမယ်..။
Unknown at 9:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.