Sunday, April 8, 2012

သင်္ကြန်တွင်း အရေးပေါ် ကိစ္စရပ်များအတွက် မြန်မာ့လေကြောင်း လေယာဉ်စင်းလုံး ငှားမည်




သင်္ကြန်တွင်း အရေးပေါ် ကိစ္စရပ်များအတွက် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်စင်းလုံး ငှားရမ်းမှုများကို နေ့ချင်းပြီး ဆောင်ရွက်ပေးသွားရန်ရှိကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီး ဦးထွန်းတင့်အေးက ပြောသည်။ “သင်္ကြန်တွင်းမှာ ဖြစ်တဲ့ နာမကျန်းမှု အရေးပေါ်ကိစ္စတွေအတွက် ချာတာငှားရင် နေ့ချင်းလုပ်ပေးပါတယ်။ သင်္ကြန်ဆို ခရီးသွားက ပုံမှန်နည်းတယ်လေ။ စင်းလုံးငှားဖို့ လေယာဉ်က အဆင်သင့်ရှိနေတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ မြန်မာ့လေကြောင်းလိုင်း အနေဖြင့် သင်္ကြန်တွင်းခရီးစဉ် ပြေးဆွဲမှုတွင် ခရီးသည်ပေါ် မူတည်၍ ပြေးဆွဲပေးပြီး ပုံမှန်ခရီးစဉ်များအား ခရီးသည် အနည်းအများအပေါ် မူတည်၍ အခေါက်ရေ အတိုးအလျှော့ ပြုလုပ်ကြောင်း ၄င်းထံမှ သိရသည်။ သင်္ကြန်တွင်း၌ အပန်းဖြေခရီးစဉ် အများဆုံးသွားရောက်သော ငပလီ-သံတွဲ ခရီးစဉ် ပြေးဆွဲသည့် လေကြောင်းလိုင်းများမှာ အခေါက်ရေများ ထပ်တိုးပြေးဆွဲရသည့်အပြင် ငပလီခရီးသွားပို့ဆောင်ရေး လုပ်ငန်းများမှလည်း စင်းလုံးငှားလေယာဉ်များဖြင့် ပို့ဆောင်ပေးခြင်းများ ပြုလုပ်သွားရန်ရှိကြောင်း ငပလီခရီးသွားပို့ဆောင်ရေး လုပ်ငန်းများထံမှ သိရသည်။ “သင်္ကြန်စင်းလုံးငှား ခရီးစဉ်အတွက် ချာတာတစ်စီး ငှားထားတယ်။ ၁၃ ရက်နေ့နဲ့ ၁၇ ရက်နေ့အတွက်ပေါ့။ ငပလီအတွက် နေ့တိုင်းပုံမှန် လေယာဉ် ၄၊ ၅ စင်း ဆင်းရတယ်။ သင်္ကြန်ဆိုရင်တော့ ချာတာတွေပါ ပါရင် ၁၀ စင်းလောက် ဆင်းရဖို့ ရှိမယ်” ဟု ငပလီခရီးသွားပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှသိရှိရသည်။ 

 Myanmar Express
Unknown at 10:26 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.