Tuesday, April 10, 2012

ရေပက်ခံကားများ နိုင်ငံတကာအလံများ တပ်ဆင်မောင်းနှင်ပါက ထိရောက်စွာ အရေးယူသွားမည်





ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာသင်္ကြန်ကာလများ၌ ရေပက်ခံကားများအနေဖြင့် နိုင်ငံတကာအလံများ တပ်ဆင်မောင်းနှင်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းမှု ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရသည်။ ၄င်းအပြင် ရေပက်ခံကားများအနေဖြင့် ယာဉ်တစ်စီးနှင့် တစ်စီးပြိုင်မောင်းခြင်း၊ လုမောင်းခြင်းများ မပြုလုပ်ရန်နှင့် အိတ်ဇောဖြုတ်ခြင်း၊ ယာဉ်နံပါတ်ပြား မပါခြင်း၊ အခြားယာဉ်နံပါတ်များ တပ်ဆင်မောင်းနှင်ခြင်း၊ ယာဉ်ဘေးတံခါးဖြုတ်၍ မောင်းနှင်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ထို့အပြင် ယာဉ်မောင်းနှင်သူများ အနေဖြင့် အရက်သေစာ သောက်စားခြင်းကိုလည်း တားမြစ်ထားပြီး အရက်သေစာ သောက်စားထားခြင်းရှိ၊ မရှိကိုလည်း ကိရိယာများဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီနှစ်သတ်မှတ် ထုတ်ပြန်ချက်ကတော့ ထူးခြားတဲ့ ထုတ်ပြန်မှု မဟုတ်ပါဘူး။ အရင်ထဲက ဒီအချက်တွေက ထုတ်ပြန်ခဲ့တာလေ။ အရင်ကတော့ ကားဘေးတံခါးတွေ ဖြုတ်မောင်းတာ ခေတ်စားခဲ့သေးတယ်။ ခုနောက်ပိုင်း မရှိတော့ပါဘူး။ နိုင်ငံတကာ အလံတွေ တပ်ဆင်မောင်းနှင်တာကတော့ ဘယ်သူမှ မလုပ်ကြဘူး ထင်တာပဲ။ တစ်ခုတော့ ရှိတယ်။ ပါတီအလံတစ်မျိုးကိုတော့ တပ်ဆင်ရင် တပ်ဆင်လိမ့်မယ် ဒီအချက်ကို ထည့်သွင်းကန့်သတ်ထားတာ မရှိတာကိုတော့ ကျေးဇူးတင်ပါတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။ ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံများ၊ တီရှပ်များ၊ ခေါင်းစီးနှင့် အလံများသည် ဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိပြီး သင်္ကြန်ကာလအတွင်း ၄င်းပါတီ၏ အမှတ်အသားတံဆိပ်များသည် ဖက်ရှင်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရှိရသည်။
Unknown at 7:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.